ဇန်န၀ါရီ ၃၁၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး
ရန်ကုန် ။ ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သော ပရဟိတအသင်းအဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတ်ာကြီး ကို ယနေ့ ဇန်န၀ါရီလ ၃၁-ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်ရှိ ရေပေါ်ဘောလုံးကွင်းအနီးတွင် နံနက် ၉း၀၀-နာရီမှ ည ၁၀း၀၀-နာရီ ထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဈေးရောင်းပွဲတော်တွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ ပရဟိတ ကျောင်းသားလူငယ်များအသင်း၊ မိဘမဲ့ကလေး ထောက်ပံ့ရေးအသင်း၊ တွဲလက် ပရဟိတ မိသားစု၊ မုဒိတာပျိုးခင်း၊ လှိုင်သာယာ လူငယ်များ ကွန်ယက်၊ စေတနာရှင် ပရဟိတ လူငယ်လေးများအဖွဲ့ နှင့် အခြားသော ပရဟိတ အသင်းအဖွဲ့များမှ
ဈေးရောင်းပွဲတော် ပြုလုပ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။
ပရဟိတ အသင်းအဖွဲ့တွေအနေနဲ့ တစ်နေရာထဲမှာ အစုအဖွဲ့တွေ စုပေါင်းပြီး ဆုံတွေ့ကြပြီး အတွေ့အကြုံများလည်း ဖလှယ်ရင်း တစ်ယောက် တစ်နေရာ စီက အင်အားတွေကနေ စုပေါင်းပြီး အစီအစဉ်တွေအားလုံးကို ဆက်လက် လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ကျင်းပရခြင်း ဖြစ်ပါသည်။ အနေအထားအမျိုးမျိုးဖြင့် ထိခိုက်ခံစားလျက်ရှိနေသော ပြည်သူများအတွက် ဖေးမကူညီစောင့်ရှောက်ခြင်းနဲ့ အထွေထွေပံ့ပိုးရေး လုပ်ငန်းစဉ်များ ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။
ဈေးရာင်းပွဲတော်တွင် မိဘမဲ့ကလေးများ၏ သရုပ်ဖော်စွမ်းရည်များ၊ မြန်မာ့ရိုးရာ ခြင်းအလှခတ်ပြခြင်း၊ နာမည်ကျော်တေးသံရှင်များ၏ ဖျော်ဖြေ တင်ဆက်မှု များကိုလည်း ညအထိ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Leave a Reply
You must be logged in to post a comment.