ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
M-Media
နျူးကလီးယား စွန့်ပစ်ပစ္စည်းများ သိုလှောင်ထားသည့် ယူကေရှိ နျူစက်ရုံတစ်ခုတွင် ဓာတ်ရောက်ခြည် ထုတ်လုပ်မှုမှာ ပုံမှန်ထက် မြင့်တက် လာကြောင့် တွေ့ရှိ ရ၍ အရေးကြီးသော ၀န်ထမ်းများမှ အပ အခြားသောဝန်ထမ်းများအား စက်ရုံသို့မလာရန် ကြေညာထားသည်ဟုသိရသည်။
အင်္ဂလန်တွင်ရှိသည့် Sellafield နျူးကလီးယား စွန့်ပစ် ပစ္စည်းများပြန်လည် သန့်စင်ရေးစက်ရုံမှ ယမန်နေ့ကထုတ်ပြန်သာ ကြေညာချက်တွင် စက်ရုံ၏ ဓာတ်ရောက်ခြည်ထုတ်လွှတ်မှုမှာ သာမန်ထက် ပိုမိုမြင့်များနေသော်လည်း ၀န်ထမ်းများက လိုအပ်သည်များကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် စက်ရုံအား ပိတ်ပစ်ရလောက်အောင်အထိ ဆိုးရွားခြင်းမရှိဟု ဖော်ပြထားသည်။
“တာဝန်ရှိသူများက လေ့လာ ဆန်းစစ် ဆုံးဖြတ်ချပြီးနောက် Sellafield စက်ရုံဟာ ပုံမှန်လည်ပတ်နေပါတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်ဆောင်မှု ကိုတော့ လျှော့ချထားပါတယ်။ စက်ရုံးက ပုံမှန်အခြေနေတွင်ရှိနေပြီး၊ စက် ကိရိယာတွေကိုလည်း စစ်ဆေးမှုတွေလုပ်နေပါတယ်။ စက်ကိရိယာတွေဟာ ဖောက်ပြန်တာမျိုးတွေမရှိဘဲ၊ အားလုံးကောင်းနေပါတယ်” ဟု ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ယူကေ၏ နျူးကလီးယား ပိတ်သိမ်းရေး အေဂျင်စီကမူ စက်ရုံအတွင်းမှ ယိုစိမ့်မှုကြောင့် ထိုကဲ့သို့ ဓာတ်ရောက် ထုတ်လွှတ်မှုမြင့် တက်ခြင်း ဖြစ်ရသည်ကို ပြောရန် စောလွန်းနေသေးကြောင်း၊ ပြည်သူလူထုနှင့် ထိုစက်ရုံရှိ လုပ်သားများမှာ အန္တရာယ်ရှိသော အနေအထားတွင် မရှိကြောင်းပြောကြားခဲ့သည်။ သို့သော်လည်း ဗြိတိန်စွမ်းအင် ၀န်ကြီးဌာနကမူ ထိုစက်ရုံ၏ အခြေအနေမှာ သတင်းထုတ်ပြန်သည်ထက် ပိုမိုဆိုးရွားသည်ဟု ပြောကြားခဲ့သည်။
Sellafield စက်ရုံမှာ ယူကေရှိ အကြီးဆုံးနှင့် အန္တရာယ်အရှိဆုံး နျူးကလီးယား စက်ရုံတစ်ခုဖြစ်ပြီး၊ ထိုစက်ရုံတွင် သိုလှောင်ထားသည့် ရေဒီယို သတ္တိကြွ နျူးကလီးယား စွန့်ပစ်ပစ္စည်းများမှာ တန်ပေါင်းမြောက်များစွာရှိနေသည်။
ယခင်က ထိုစက်ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်ပေးခဲ့သော်လည်း ယခုအချိန်တွင် ပိတ်သိမ်းရန်လုပ်ဆောင်နေကာ ကန်ဒေါ်လာ ၁၁၁ ဘီလီယံကုန်ကျနေပြီး ယခုထက်ပို၍ ကုန်ကျရန်ရှိနေသည်ဟု ပြည်သူ့စာရင်းအင်းကော်မတီက ယမန်နှစ်တွင် ပြောကြားခဲ့သည်။
Ref: aljazeera
Leave a Reply
You must be logged in to post a comment.