ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄
M-Media
လမင်း
ပြည် ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၅၉ (စ) တို့အား ပယ်ဖျက်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် မြို့သူမြို့သားများမှ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယခုလိုဆန္ဒဖော်ထုတ်မှုကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့သော်လည်း ခရိုင်ရုံးနှင့် ညှိနှိုင်းပြီး တရားဝင်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ် ပွဲတွင် ပုဒ်မ ၅၉(စ) ကိုပယ်ဖျက်ရန်၊ ပုဒ်မ ၅၉ (ဃ) ကိုပြင်ဆင်ရန်၊ ပုဒ်မ ၄၃၆ တို့ကိုပြင်ဆင်ရန် တို့ကို ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရပါသည်။
ပြည်သူလူထုတွေကလည်း ဒီပုဒ်မတွေကို အလိုမရှိကြပါဘူး။ ပယ်ဖျက်ချင်နေတယ်ဖြစ်တယ်ဆိုတာကို သိစေချင်လို့ အခုလိုဆန္ဒပြသမှုကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့ မြို့နယ်တာဝန်ခံတစ်ဦးက ပြောခဲ့ပါတယ်။
ဆန္ဒဖော်ထုတ်ပွဲကို မူယာပင်ရပ် NLD ရုံးခန်းရှေ့မှ စတင်ချီတက်ခဲ့ကြပြီး ဗိုလ်ချုပ်လမ်း၊ ရွှေတချောင်းလမ်း၊ လမ်းမတော်လမ်း အစရှိသည့် လူစည်ကား သည့်နေရာများသို့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ပေါင်းတည်၊ ပန်တောင်း၊ မှော်ဇာ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ၀က်ထီးကန် အစရှိတဲ့ နီးစပ်ရာမြို့နယ်များမှ ပြည်သူများနှင့် ဒေသခံပြည်သူများအပါအ၀င် ဆန္ဒဖော်ထုတ်သူ ၆၀၀ ကျော်ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီက တရားဝင်ခွင့်တင်ပြီး ဆန္ဒပြသခဲ့တာဟာ ပြည်မြို့တွင် ပထမဆုံးအကြိမ်ဖြစ်ပါသည်။
Leave a Reply
You must be logged in to post a comment.