ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
M-Media

– နည်းပြ မိုယက်စ်လက်အောက် မန်ချက်စတာယူနိုက်တက်တွင် ကစားနေရသော ပုံစံမှာ ဗန်ပါစီအတွက် အခက်အခဲများ ဖြစ်နေသည်ဟု နယ်သာလန်အသင်း နည်းပြဖြစ်သူ လူးဝစ် ဗန် ဂါလ်က ပြောကြားလိုက်သည်။
ယခုနှစ်အတွင်း မိုယက်စ်မှပြုလုပ်သည့် လေ့ကျင့်ရေး နည်းစနစ်များနှင့် ပတ်သက်၍ ဗန်ပါစီနှင့် မိုယက်စ်တို့ မကျေလည်မှုများရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး၊ ဗန်ပါစီခံစားနေရသည့် ဒဏ်ရာပြဿနာနှင့် ပတ်သက်၍လည်း နယ်သာလန် ဘောလုံးအဖွဲ့ချုပ်က မန်ယူအား ဆက်သွယ်ပြောဆိုထားသည်။
နယ်သာလန်နည်းပြ ဗန်ဂါလ်ကမူ ဗန်ပါစီမှာ ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရမည်ဖြစ်ပြီး၊ လက်ရွေးစင်အသင်း၏ ပွဲများက မန်ယူပွဲများထက် ပိုမို၍ ရိုးရှင်းကာ၊ ဗန်ပါစီ၏ စွမ်းရည်နှင့်လည်း ပိုမိုအံဝင်ခွင်ကျဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရဲ့ကစားပုံ ကောင်းမွန်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ နိုင်ငံကို ကိုယ်စားပြု ကစားရတာ ကို ချစ်လို့ပါ။ ခြေစစ်ပွဲစဉ်တွေမှာ သူရဲ့အစွမ်းကို အရင်ကထက် ပိုမိုပြသခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ သူဟာ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဗန်ဂါလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref : Goal

Leave a Reply
You must be logged in to post a comment.