ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
M-Media
– တာဝန်ထမ်းဆောင်စဉ်က အာဏာအလွဲသုံးစားလုပ်ခဲ့ပြီး၊ ချစားခဲ့သည်ဟူသော စွဲချက်ဖြင့် ၂၀၁၁ ခုနှစ်က ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းခံခဲ့ရသည့် ယူကရိန်း ၀န်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန်ကိုမှာ ယမန်နေ့ နေ့လည်တွင် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
သောကြာနေ့က သမ္မတ ယာနူကိုဗစ်ခ်ျနှင့် အတိုက်အခံတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ လွတ်မြောက်လာခြင်းလည်းဖြစ်သည်။ ကျောရိုးအားနည်းသည့် ရောဂါခံစားနေရသောကြောင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေရသည့် တိုင်မိုရှန်ကိုမှာ လွတ်မြောက်ပြီးနောက် ယမန်နေ့ညနေပိုင်းက အင်အား ၅ သောင်း ခန့်ရှိသည့် ဆန္ဒပြသူများစုဝေးရာ ကိဗ်မြို့ရှိ လွတ်လပ်ရေး ရင်ပြင်သို့ သွားရောက် မိန့်ခွန်းပြောကြားခဲ့သည်။
“ရှင်တို့ဟာ သူရဲကောင်းတွေပါ။ ယူကရိန်းက အကောင်းဆုံး လူတွေလည်းဖြစ်ပါတယ်။ ရှင်တို့စီစဉ်ထားတဲ့ အရာအားလုံး အဆုံးအထိ မရောက်ခင် ဒီလွတ်လပ်ရေး ရင်ပြင်ကို ရှင်တို့ မစွန့်ခွာပါနဲ့” ဟု တိုင်မိုရှန်ကိုက ဆိုပြီး ဆန္ဒပြမှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူများကိုလည်း ချီးကျူးခဲ့သည်။
လက်ရှိသမ္မတ ယာနူကိုဗစ်ခ်ျမှာ ယမန်နေ့က ရုံခန်းအား စွန်လွှတ်ခဲ့ပြီး ဆန္ဒပြမှုအား အာဏာသိမ်းမှုအဖြစ် ရှုတ်ချပြောဆိုခဲ့သည်။ ထို့နောက် နာရီအနည်းငယ်အကြာ ယမန်နေ့ နံနက်ပိုင်းတွင် ယူကရိန်းပါလီမန်က ယနူကိုဗစ်ခ်ျအနေဖြင့် အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟု သံသယရှိသဖြင့် မဲခွဲခဲ့ရာ အမတ် ၄၄၇ ဦးမှ ၃၂၈ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၎င်းအား ရာထူးမှ ဖြုတ်ချခဲ့သည်။
ယာနူကိုဗစ်ခ်ျအား အမာခံထောက်ခံသူများမှာ ဘက်ပြောင်းသွားခဲ့ပြီး၊ ယူနူကိုဗစ်ခ်ျအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားသည့် တာဝန်များကို ဆောင်ရွက်နိုင်ခြင်းမရှိဟု ပါလီမန်ကြေညာခဲ့ကာ ရွေးကောက်ပွဲကို လာမည့် မေလ ၂၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။
Ref: Agencies
Leave a Reply
You must be logged in to post a comment.