News @ M-Media

စင်္ကာပူနိုင်ငံမှ မြန်မာ ပညာရှင်များ ဟောပြောဆွေးနွေး ပွဲပြုလုပ်

မတ် ၁၊ ၂၀၁၄
M-Media
လမင်း

DSC02436
ရန်ကုန်။       ။ ဘာသာရပ်ဆိုင်ရာ ပညာရှင်များဟောပြောဆွေးနွေးပွဲကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်တွင် ယနေ့ မတ်လ ၁ ရက်နေ့၌ ကျင်းပခဲ့သည်။

စကာင်္ပူနိုင်ငံ Myanmar Transitional Platform (MTP) အဖွဲ့ရှိမြန်မာ ပညာရှင်များမှ ဦးဆောင်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။ မြန်မာ အပြောင်း အလဲ အတွက် နိုင်ငံသားတို့၏ သိပိုင်ခွင့်ဆိုင်ရာ ဥပဒေ (Freedom of Information) ခေါင်းစဉ်ဖြင့် ဒေါက်တာ သိန်းသန်းဝင်းမှ လည်းကောင်း၊ ပြည်တွင်း စားသုံးရန် ပြည်ပ တင်ပို့ရန် ဘေး အန္တရာယ်ကင်းသည့် အစားအသောက်များ (Safe Food for Local and Global Consumption) အကြောင်း ကို  ဒေါ်စိမ့်ရည်ထက်မှ လည်းကောင်း ဟောပြောခဲ့ပါသည်။

ထို့အပြင် ဦးစိုးမင်းဆက်မှ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် (Implementation of Construction Project with Detailed Contract Documents) ကို လည်းကောင်း၊ ဦးအေးငြိမ်းမှ နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်းဆိုင်ရာ ဥပဒေ (Employment of Foreign Manpower Act) ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောဆွေးနွေးခဲ့ကြပါသည်။

ဟောပြောဆွေးနွေးပွဲကို နေ့လည် ၂ နာရီမှ ၄ နာရီထိကျင်းပခဲ့ပြီး ဟောပြောပွဲ အပြီးတွင် တက်ရောက်လာသော သူများ သိလိုသမျှကို ဖြေကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

Comments

Leave a Reply