မတ် ၁၄၊ ၂၀၁၄
M-Media
– စင်ကာပူရှိ ရထားတစ်စင်းပေါ်တွင် အ၀တ်အစားများချွတ်လျက် စီးနင်းလိုက်ပါသူ တစ်ဦးအား ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀တ်လစ်စလစ်ဖြင့် ရထားပေါ်တွင် အိပ်၍ လိုက်ပါလာသော အဆိုပါခရီးသည်၏ ပုံမှာ အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ စင်ကာပူ SMRT ရထားလိုင်းမှ တာဝန်ရှိသူကလည်း ထိုဖြစ်ရပ်မှာ မှန်ကန်ကြောင်း ပြောကြားခဲ့ပြီး ရဲ တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။
ထိုအဖြစ်အပျက်အား တွေ့ရှိပြီးနောက် အခြားခရီးသည်များက ညနေ ၆ နာရီ ၅၄ မိနစ်ခန့် တွင် အရေးပေါ် ခလုပ်အား နှိပ်ခဲ့ပြီး ဌာနသို့ သတင်း ပို့ခဲ့ကြောင်း၊ ၂ မိနစ်ခန့်အကြာ Khatib ဘူတာသို့ ရထားဆိုက်ရောက်ချိန်တွင် ၀န်ထမ်းများက ၎င်းအား သွားရောက် ခေါ်ဆောင်သွားခဲ့သည်ဟု SMRT ဌာနမှ ထပ်လောင်း ပြောကြားခဲ့သည်။
ထို့နောက် အသက် ၃၂ နှစ်အရွယ်ရှိ အဆိုပါ ခရီးသည်အား ရဲလက်သို့ လွှဲအပ်ခဲ့ပြီး မဖွယ်ရာသောလုပ်ရပ်ကျူးလွန်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။
CNA/de
Leave a Reply
You must be logged in to post a comment.