မတ် ၁၇ ၊ ၂၀၁၄
M-Media
– နိုင်ငံခြားတပ်များ ဆုတ်ခွာမှုနောက်ဆုံးရက်ကို ယခုနှစ်ကုန်တွင် သတ်မှတ်ထားသည့်အတိုင်း ကြန့်ကြာမှု မရှိဘဲ ထွက်ခွာသွားရန် အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်းက အမေရိကန်အား တိုက်တွန်းလိုက်သည်ဟု သိရသည်။
အာဖဂန်ပါလီမန်တွင် ပြောကြားခဲ့သည်မိန့်ခွန်းတွင် ပြည်တွင်းရှိ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များမှာ နိုင်ငံအားကာကွယ်ရန် လုံလောက်အောင် တောင့်တင်းနေပြီး ၀ါရှင်တန်၏ အကူအညီ မလိုအပ်ဟု ကာဇိုင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုလက်ရှိတွင် အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ နိုင်ငံ၏ ၉၃ ရာခိုင်နှုန်းကို ကာကွယ်ထိန်းချုပ်ထားနိုင်သည်။ အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့များ အနေဖြင့် အာဖဂန်၏ ပြည်တွင်းရေးရာများကို ဆက်လက်၍ ၀င်ရောက် စွက်ဖက်ခြင်းမပြုရန်လည်း ကာဇိုင်းက သတိပေးခဲ့သည်။
၂၀၁၄ နှစ်ကုန်တွင် နိုင်ငံခြားတပ်များအားလုံး ထွက်သွားပြီးနောက် အမေရိကန်စစ်သား ထောင်ပေါင်းများစွာအား အာဖဂန်တွင်ဆက်ရှိနေစေမည့် လုံခြုံးရေး သဘောတူညီချက်အတွက် အမေရိကန်နှင့် အာဖဂန်တို့အကြား မတင်မကျဖြစ်နေချိန်တွင် အဆိုပါမှတ်ချက်များ ထွက်ပေါ်လာခြင်း လည်းဖြစ်သည်။
အနောက်နိုင်ငံများမှ သံတမန်များနှင့် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများက ဖိအားပေးနေသော်လည်း သမ္မတ ကာဇိုင်းကမူ အမေရိကန်နှင့် ထိုသဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုထားသည်။ ထိုစာချုပ် အတင်းအဓ္ဓမ လက်မှတ်ထိုးခိုင်းရန်အတွက် အမေရိကန်မှ ကိုလိုနီပုံစံ ဆောင်ရွက်နေသည်ဟု ကာဇိုင်းက စွပ်စွဲထားသည်။
အာဖဂန်၏ နိုင်ငံရေးပါတီများကလည်း အမေရိကန်စစ်စခန်းများ အာဖဂန်တွက် ဆက်ရှိနေပါက အခြေအနေမှာ ဆိုးရွားနေမည်ဟု သတိပေးထားပြီး၊ ၂၀၀၁ ခုနှစ် အာဖဂန်သို့ စတင်ကျူးကျော်စဉ်ကတည်းက အမေရိကန်ဦးဆောင်သည့် တပ်များမှ အာဖဂန်အမျိုးသမီးများနှင့် ကလေးများအပေါ် ခွင့်မလွှတ်နိုင်သော ရာဇ၀တ်မှုများကို ကျူးလွန်ထားသည့်အတွက် ရွံရှာမိကြောင်းကိုလည်း ပြောဆိုခဲ့သည်။
အမေရိကန်တို့၏ ညဘက်စီးနင်းခြင်း၊ စီအိုင်အေက စီစဉ်သည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်ခြင်းများကြောင့် အမျိုးသမီးနှင့် ကလေးငယ် အမြောက်အမြားအပါအ၀င် ထောင်ပေါင်းများစွာသော အာဖဂန်အရပ်သားများမှာ သေဆုံးခဲ့ရသည်။
JR/PR/SL
Leave a Reply
You must be logged in to post a comment.