မတ် ၂၀၊ ၂၀၁၄
M-Media
– ယူကရိန်းအရေးနှင့် ပတ်သက်၍ ကုလ လုံခြုံရေးကောင်စီတွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ အမေရိကန်နှင့် ရုရှားတို့မှာ တစ်ဖက်နှစ်တစ်ဖက် အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြသည်ဟု သိရသည်။
သုံးပတ်အတွင်း ၈ ကြိမ်မြောက်အဖြစ် ယမန်နေ့ကပြုလုပ်ခဲ့သော အဆိုပါ အစည်းအဝေးတွင် အမေရိကန်ဆိုင်ရာ ကုလသံအမတ် စမန်သာပါဝါက ယူကရိန်းအရေး ရုရှား၏ ပါဝင်စွက်ဖက်မှုအတွက် အမေရိကန်နှင့် ဥရောပနိုင်ငံများက ရုရှားအား ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့သည်။ ရုရှားသံအမတ်ကြီး ဗီတာလီ ချာကင်ကမူ အမေရိကန်၏ ထိုလုပ်ရပ်မှာ ရုရှားအား စော်ကားခြင်းဖြစ်ပြီး၊ ရုရှား၏ သံတမန်ရေးအရ ဖြေရှင်းရန်ဆန္ဒကို ပျက်ဆီးစေသည်ဟု တန်ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် ခရိုင်းမီးယားဒေသအား ရုရှားပိုက်နက်အဖြစ် လက်ခံခဲ့ခြင်းမှာ ခရိုင်းမီးယားပြ
်သူတို့၏ဆန္ဒကို အလေးထားခြင်းဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနှင့်လည်း ညီညွတ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ခရိုင်းမီးယားအရေး သံတမန်နည်းအရ ဖြေရှင်းနိုင်ရန် အတွက် ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များနှင့် ဆွေးနွေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်လည်းထွက်ခွာသွားပြီဖြစ်ပြီး မနက်ဖြန်တွင် တွေ့ဆုံမည်ဖြစ်သည်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများတွင် ပါဝင်နေသည့် ရုရှားက ဗီတိုသုံးရန် အခွင့်ရှိနေသည့် အတွက် ခရိုင်းမီးယားအရေး ကုလသမဂ္ဂကလည်း မည်သည့်ဆောက်ရွက်မှုမှ မလုပ်နိုင်သေးပေ။
ခရိုင်းမီးယားဒေသ ရုရှားပိုက်နက်အတွင်းသို့ဝင်ရောက်ရန် မတ်လ ၁၆ ရက်နေ့က လူထုဆန္ဒခံယူ၍ အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် ရုရှားပိုင်နက် အဖြစ် လက်ခံကြောင်း ရုရှားအစိုးရက လက်မှတ်ထိုးခဲ့ပြီး သမ္မတ ပူတင်ကလည်း ယခင်က ရုရှားပိုင်နက်ဖြစ်သည့် ခရိုင်းမီးယားဒေသမှာ ရုရှားနိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက်လာသည့်အတွက် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ခရိုင်းမီးယားဒေသ အတွင်းရှိနေသူများအား ရုရှားနိုင်ငံကူး လက်မှတ်များ ထုတ်ပေးလျက်ရှိနေသည်ဟု သိရသည်။
ခရိုင်းမီးယားဒေသတွင် ရှိနေသည့် ယူကရိန်း စစ်တပ်များမှာ ပိတ်မိနေပြီး ယမန်နေ့ကလည်း ရုရှား၏ ခရိုင်းမီးယား ကာကွယ်ရေးတပ်ဖွဲ့နှင့် ယူကရိန်း စစ်တပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားကာ တစ်ဖက် တစ်ဦးစီ သေဆုံးခဲ့ကြသည်။
AP
Leave a Reply
You must be logged in to post a comment.