မတ် ၂၁၊ ၂၀၁၄
M-Media
– နိုင်ငံရေး မတည်ငြိမ်မှု ပိုမိုဆိုးရွားစေခဲ့သည့် ဖေဖော်ဝါရီရွေးကောက်ပွဲအား တရားမ၀င်ဟု ထိုင်း အခြေခံဥပဒေဆိုင်ရာခုံရုံးက ကြေညာခဲ့သည်ဟု သိရသည်။
အတိုက်အခံများက လက်မခံသည့် အဆိုပါရွေးကောက်ပွဲမှာ တစ်ရက်ထဲတွင် မပြီးခြင်း၊ အခြေခံဥပဒေတွင် ဖေါ်ပြထားသည့် အပိုဒ်တစ်ခုအား ချိုးဖောက်ခြင်းတို့ကြောင့် ထိုရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးက ယနေ့တွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပယ်ဖျက်ရန်တွက် တရားသူကြီးများက ၆ မဲ ၃ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတာဝန်ရှိသူတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအသစ်ကို ပြန်လည်ပြုလုပ်မည်ဟု အဆိုပါတရားရုံးက ကြေညာခဲ့သော်လည်း မည်သည့်အချိန်တွင် ပြုလုပ်မည်ဆိုသည်ကို ရှင်းလင်းစွာ ပြောကြားသွားခြင်း မရှိပေ။ အစိုးရနှုတ်ထွက်ရန် အတွက် အတိုက်အခံများ၏ ဆန္ဒပြမှုကြောင့် ပါလီမန်အား ဖျက်သိမ်းကာ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ထိုင်းအိမ်စောင့် အစိုးရက ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ယခုကဲ့သို့ တရားမ၀င်ဟု ကြေညာလိုက်ခြင်းမှာ နှုတ်ထွက်ရန် ဖိအားပေးခြင်း ခံနေရသည့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ အတွက် ဥပဒေရေးရာ စိန်ခေါ်မှု တစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံရေး မငြိမ်သက်မှုမှာ ယခုဆိုလျှင် ၅ လအထိ ရှိသွားပြီဖြစ်ပြီး အတိုက်အခံများက အစိုးရအဆောက်အဦးများနှင့် ဘန်ကောက်မြို့ရှိ အချက်အချာကြသော နေရာများအား ပိတ်ဆို့ကာ ဆန္ဒပြလျက်ပင် ရှိနေသေးသည်။ ထိုဆန္ဒပြမှုအတွင်း လူ ၂၃ ဦးသေဆုံးခဲ့ကာ ရာချီ၍ ဒဏ်ရာရရှိခဲ့သည်။
Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.