News @ M-Media

တိုက်လေယာဉ်မှူးဟောင်း ဒု- လက်ထောက် ၀န်ကြီးချုပ် Muqrin အား ဒုတိယ အိမ်ရှေ့စံအဖြစ် ဆော်ဒီခန့်အပ်

မတ် ၂၉ ၊ ၂၀၁၄
M-Media

– ဆော်ဒီအာရေဗျနိုင်ငံ၏ ထောက်လှမ်းရေးအကြီးအကဲဟောင်း Muqrin အား ဆော်ဒီတော်ဝင်မိသားစုက ဒုတိယ အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့သည်ဟုသိရသည်။

d93bdd37-a9e6-4566-b425-0b0d9eb5df87_4x3_296x222
photo-Al Arabiya

အသက် ၆၈ နှစ်အရွယ်ရှိ မင်းသား Muqrin bin Abdulaziz မှာ ဆော်ဒီအာရေဗျနိုင်ငံကို တည်ထောင်သူ ဘုရင် Abdulaziz al-Saud ၏ အငယ်ဆုံးသားဖြစ်သည်။

ဆော်ဒီနိုင်ငံအား အသက် ၉၀ အရွယ်ရှိပြီဖြစ်သည့် ဘုရင် Abdullah  က လက်ရှိတွင် အုပ်ချုပ်နေပြီး Muqrin ၏ ဖအေတူ အမေကွဲ အကိုတော်သူ Salman က အိမ်ရှေ့မင်းသားအရာတွင် ရှိနေသည်။

လွန်ခဲ့သည့်တစ်နှစ်က တိုင်းပြည်၏ ဒုတိယ လက်ထောက်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် Muqrin မှာ ယခုအခါ ထီးနန်းဆက်ခံရန် စောင့်ဆိုင်းနေရသည့် အိမ်ရှေ့မင်းသားနှင့် ရာထူးခြင်း တူညီသွားပြီဖြစ်သည်။

ပထမအိမ်ရှေ့မင်သား Salman  မှာ ကျန်းမာရေးဆိုးရွားနေပြီး ထီးနန်းဆက်ခံမှုစာရင်းမှ ထုတ်ပယ်ရန်အတွက် ဆုံးဖြတ်ဖွယ်ရှိနေသောကြောင့် ယခုကဲ့သို့ ခန့်အပ်ခြင်းဖြစ်သည်ဟု ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက AFP သတင်းဌာနသို့ပြောကြားခဲ့သည်။

“ထီးနန်းဆက်ခံဖို့ နေရာလွတ်သွားတဲ့အခါ အစားထိုးနိုင်ဖို့အတွက် မင်းသား Muqrin ကို သစ္စာတော်ခံ ဒုတိယ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့တာပါ။ နိုင်ငံရဲ့ဘုရင်နဲ့ အိမ်ရှေ့မင်းသားနေရာ တစ်ချိန်းတည်း လစ်လပ်သွားတဲ့အခါ သစ္စာတော်ခံဘုရင်အဖြစ် ခန့်အပ်နိုင်ဖို့ပါ” ဟု ဆော်ဒီတော်ဝင်ခုံရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

Muqrin မှာ ငယ်ရွယ်စဉ်က တိုက်လေယာဉ်မှူးအဖြစ် ဗြိတိန်တွင် သွားရောက်လေ့ကျင့်ခဲ့ပြီး၊ ဘုရင် Abdullah  က စတင်ခဲ့သည့် စီးပွားရေးနှင့် လူမှုရေး ဂရုတစိုက် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်ဖွယ်ရှိသည်ဟု လေ့လာသူများကဆိုသည်။
Agencies

Comments

Leave a Reply