ဧပြီ ၈ ၊ ၂၀၁၄
M-Media
– ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk မြို့ရှိ ရုရှားထောက်ခံသူများက ၎င်းတို့ဒေသအား လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ထူထောင်ကြောင်း ယနေ့ညနေတွင် ကြညာခဲ့သည်ဟု သိရသည်။
သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ အစိုးရ ပြုတ်ကျခဲ့သည့် ဖေဖော်ဝါရီလကတည်းက ယူကရိန်း အရှေ့ပိုင်းပြည်နယ်တွင် မငြိမ်မသက်မှုများဖြစ်ပွားနေခဲ့ပြီး၊ တနင်္ဂနွေနေ့မှ စတင်၍ ရုရှားထောက်ခံသူများက အစိုးရ အဆောက်အဦးများကို တိုက်ခိုက်ကာ ၀င်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် ပြည်သူ့ဆန္ဒခံယူပွဲကို မေလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် အတိုက်အခံများက သတ်မှတ်ခဲ့သည်။
Donetsk မြို့အပါအ၀င် နိုင်ငံအရှေ့ပိုင်းရှိ Luhansk နှင့် Kharkiv မြို့များသို့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများ သွားရောက်နေပြီး၊ လက်ရှိသမ္မတ တာချီနော့ဗ်က ယခုကဲ့သို့ မတည်ငြိမ်မှုများမှာ ယူကရိန်းအား ဖဲ့ထုတ်ရန် ရုရှား၏ ကြိုးပမ်းမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ နိုင်ငံပိုင် TV မှ ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတွင် ယခုအဖြစ်အပျက်မှာ ယူကရိန်းနိုင်ငံမတည်ငြိမ်ရန်၊ အစိုးရအားဖြုတ်ချရန်နှင့် စီစဉ်ထားသည့် ရွေးကောက်ပွဲ ပျက်ပြားစေရန်အတွက် ရုရှားမှ ဖန်တီးသည့် ဒုတိယလှိုင်းဖြစ်သည့် ထည့်သွင်းပြောကြားခဲ့သည်။
Ref: BBC

Leave a Reply
You must be logged in to post a comment.