ဧပြီ ၉ ၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အိုင်အင်န်ဂျီအိုများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းအား မတ်လ ၂၆၊ ၂၇-ရက်များက အကြမ်းဖက် ဖျက်ဆီးခံခဲ့ရမှုများအား စုံစမ်းစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များ နှင့် ထပ်မံလုပ်ဆောင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အစိုးရ၏ သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် Malteser International အဖွဲ့မှ နိုင်ငံခြားသူမှာ သာသနာအလံကို မဖွယ်မရာ လုပ်ခဲ့ခြင်းမရှိကြောင်း၊ အဖွဲ့အစည်းရဲ့ မူအရသာ အလံကို ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း မမှန်မကန် လှုံ့ဆော်သူများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဒေသခံများ အထင်အမြင် လွဲမှားမှုများ မြင့်တတ်လာခြင်းဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားအချို့၏ ဖျက်ဆီးမှုကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့ အစည်း ၁၈ ဖွဲ့တို့၏ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ်၁၄ စီး၊ ရေယာဉ် နှစ်စင်း၊ မော်တော် ဆိုင်ကယ်၂၉ စီးနှင့် ရုံးသုံး ပစ္စည်းများ ခန့်မှန်းတန်းဖိုး ငွေကျပ်သန်း ၄၃၀ ခန့်နှင့် အမေရိကန် ဒေါ်လာ ၄၃၀၀၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ နိုင်ငံခြားသူမှာ ၁၉၉၃ ခုနှစ် ကတည်းက ရောက်ရှိခဲ့ပြီး မြန်မာ ပြည်သူများ၏ အကျိုးကို အကူအညီပေး လိုသောကြောင့် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ၎င်းကိုယ်တိုင် လွန်ခဲ့ သည့် နှစ်၂၀ ခန့်မှစ၍ ဗုဒ္ဓဘာသာ တရားတော်ကို ယုံကြည်စွာ လေ့လာ ဆည်းပူးနေသူဖြစ်ပြီး ဗုဒ္ဓ ဘာသာဝင်တို့ အထွတ်အမြတ်ထားသည့် သာသနာ့အလံကို မဖွယ်မရာပြုလုပ်လိုသော စိတ်ဆန္ဒအလျှင်း မရှိ ကြောင်း သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်တွင် ရခိုင်ပြည်နယ်အစိုးရမှ အချိန်တိုတွင်း ထိရောက်သည့် ကာကွယ်မှုများမပေးနိုင်၍ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်တွေမြို့တွင် ကျန်ရှိနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO ၀န်ထမ်းများ၏ လုံခြုံရေးများ အတွက်ဆောင်ရွက်ပေ
လူစုလူဝေးဖြင့် ဖျက်ဆီးခဲ့ရာတွင် ပါဝင်ကျူးလွန်သူများနှင့် မမှန်မကန်သတင်းဖြန့် စည်းရုံးလှုံ့ဆော်ခဲ့သူများ အရေးယူဖော်ထုတ် မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားသည်မှာ ၁၀ ရက်ကျော်ရှိနေပြီဖြစ်ပြီး လက်ရှိ အရေးယူထားသည့် အခြေအနေကို ထည့်သွင်း ဖော်ပြထားခြင်း မရှိသေးပေ။
သတင်းထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန်
Leave a Reply
You must be logged in to post a comment.