ဧပြီ ၁၇၊ ၂၀၁၄
M-Media
– နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် လောင်စာအဆင့်သို့ အချိန်တိုအတွင်း ပြောင်းလဲနိုင်သော ပြည့်ဝယူရေနီယံ ပမာဏ ထက်ဝက်ကို အီရန်က ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။
အီရန်တွင် နျူကလီးယားဗုံး လောင်စာအဖြစ် အချိန်တိုအတွင်း ပြုလုပ်နိုင်သည့် ပြည့်ဝယူရေနီယံ ၂၀ ရာခိုင်နှုန်းရှိနေပြီး ထိုထဲမှထက်ဝက်ကို ဖျက်ဆီးလိုက်ကာ နိုင်ငံတကာ အဏုမြူအေဂျင်စီ IAEA က သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သံတမန် ၂ ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုလုပ်ရပ်မှာ အီရန် အပေါ်ထားရှိသည့် စီးပွားရေး ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းပေးရေးအတွက် နျူလက်အစီအစဉ် အလျှော့ပေးမည်ဟူသော ကတိက၀တ်၏ အစိတ်ပိုင်း တစ်ခုလည်းဖြစ်သည်။ အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့မှာ နျူကလီးယား ကိစ္စသဘောတူညီချက်ရရန် အတွက် ဆွေးနွေးနေကြသည်။
ထို့ပြင် အီရန်က အသစ်ခန့်အပ်လိုက်သည့် ကုလသမဂ္ဂဆိုင်ရာ သံတမန် ဟာမစ် အဘူတာလီဘီကို ၁၉၇၉ ခုနှစ် အီရန်ရှိ အမေရိကန် သံရုံးအား စီးနင်းသိမ်းပိုက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေးမှုအတွက်လည်း အီရန်က တရားဝင်ဆန္ဒပြခဲ့ပြီး ထိုကဲ့သို့ ဆောင်ရွက်မှုက နိုင်ငံတကာ သံတမန်ဆက်ဆံရေးကို ပျက်ဆီးစေပြီး၊ အန္တရာယ်ရှိသည့် ထုံးစံတစ်ခုကို သတ်မှတ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
AP
Leave a Reply
You must be logged in to post a comment.