News @ M-Media

မိကျောင်းကန် သပိတ်စခန်း ၂၈ ရက်ရှိပြီဖြစ်သော်လည်း ထူးခြားမှုမရှိသေး

ဧပြီ ၂၀၊ ၂၀၁၄
M-Media
လမင်း

DSC00327

ရန်ကုန်။ ။ မိကျောင်းကန်လယ်ယာမြေပြန်ရရှိရေးအတွက် တတိယအကြိမ်အဖြစ် သပိတ်စခန်းဖွင့်ကာတောင်းဆိုနေကြသော ပြည်သူများသည် ယနေ့ဧပြီလ ၂၀ ရက်နေ့တွင် ၂၈ ရက်မြောက် ရှိပြီဖြစ်သော်လည်း တစ်စုံတစ်ရာထူးခြားမှုမျိုးမရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ အခုထိတော့ဘာမှထူးခြားတာမျိုးမရှိသေးပါဘူး။ သင်္ကြန်ရက်မတိုင်မီတစ်ရက်ကတော့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် ဦးခိုင်မောင်ရည် လာရောက်ခဲ့ပါတယ်။ အခုထိလာရောက်ဖြေရှင်းပေးတာမျိုးမရှိသေးပါဘူး” ဟု သပိတ်စခန်းဦးဆောင်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းကပြောကြားခဲ့သည်။

မိကျောင်းကန်ပြည်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းသော်လည်း ပြေလည်မှုမရခဲ့ပါ။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့တွင်လည်းသွားရောက်ကာ ၎င်းတို့နစ်နာမှုများကိုသွားရောက်ပြောကြားခဲ့ကြသည်။

မိကျောင်းကန်သပိတ်စခန်းတာဝန်ရှိသူများကို ကျောက်တံတားရဲစခန်းမှ ခွင့်ပြုချက်မရှိပဲ သပိတ်စခန်းဖွင့်ထားသောကြောင့် တရားစွဲဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်သို့သွားရောက်ခဲ့ခြင်းကြောင့်လည်း ဗဟန်းရဲစခန်းမှလည်းတရားစွဲဆိုထားကြောင်းသိရသည်။

 

Comments

Leave a Reply