News @ M-Media

အင်တာနက်ကွန်ရက်မှာ စီအိုင်အေ၏ အထူးပရောဂျက်ဖြစ်ပြီး ရုရှနိုင်ငံသားများ Google မသုံးရန် ပူတင်ပြော

ဧပြိ ၂၅၊ ၂၀၁၄
M-Media

– ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာနက် ကွန်ရက်ကြီးမှာ စီအိုင်အေ၏ ပရောဂျက်ဖြစ်ပြီး ရုရှားနိုင်ငံသားများအနေဖြင့် Google အသုံးပြု၍ ရှာဖွေမှုများ မပြုလုပ်ရန် သတိပေးခဲ့သည်။

201442571418681580_20

ယမန်နေ့က လူငယ်ဂျာနယ်လစ်များနှင့် တွေ့ဆုံသည့် ရုပ်မြင်သံကြား အစီအစဉ်တွင် ပူတင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အင်တာနက်ဆိုသည်မှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ၏ အထူးပရောဂျက်တစ်ခုဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

Google နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပူတင်က အဆိုပါကုမ္ပဏီ၏ အချက်အလက်သွားရာ လမ်းကြောင်းမှာ အမေရိကန်အစိုးရ ပိုင်ဆိုင်သည့် ဆာဗာထဲသို့ ဖြတ်ရပြီး ထိုနေရာတွင် အားလုံးကိုစောင့်ကြည့်နေသည်ဟု ဖြေကြားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှား၏ အကြီးဆုံး အင်တာနက် ရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်သည့် Yandex အကြောင်း ပြောကြားရာတွင်လည်း ပူတင်က ၎င်းကိုပိုင်ဆိုင်သော သူမှာ နိုင်ငံခြာသားဖြစ်သည့်အတွက် စိုးရိမ်မိကြောင်း ဖွင့်ဟခဲ့သည်။

တီဗီအစီအစဉ်များတွင် ပါဝင်ခွင့်နည်းသော အတိုက်အခံများမှာ အင်တာနက်အသုံးပြုကာ ၎င်းတို့၏အမြင်များအား ဖြန့်ဝေနေခြင်းကြောင့် အင်တာနက်ထိန်းချုပ်မှုအား ပိုမိုပြုလုပ်ရန် ပူတင်အစိုးရက အလွန်အမင်း ဆန္ဒရှိနေသည်။ ထို့ကြောင့် ဆိုရှယ်မီဒီယာဝဘ်ဆိုဒ်များအား ရုရှားဆာဗာများတွင် သိမ်းထားပြီး အသုံးပြုသူ၏ အချက်အလက်များကို ၆ လ သိမ်းထားနိုင်မည့် ဥပဒေသစ်တစ်ခုကို ယခုသီတင်းပတ် အစောပိုင်းတွင် အတည်ပြုခဲ့သည်။

ထို့ပြင် အမည်ပျက်ရှိသော ၀ဘ်ဆိုက်များကို တရားရုံးအမိန့်မလိုဘဲ အစိုးရက တိုက်ရိုက်ပိတ်နိုင်သည် ဥပဒေလည်းရှိနေသည်။ ပူတင်မှာ အင်တာနက်ကွန်ရက်နှင့် ပတ်သက်ပြီး မကြာခဏ ဝေဖန်ပြောကြားလေ့ရှိသည်။

Comments

Leave a Reply