News @ M-Media

သတင်းထောက်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုမှ သဘောထား ကြေငြာချက်ထုတ်ပြန်

ဧပြီ ၂၉၊ ၂၀၁၄
M-Media
လမင်း

img073

ရန်ကုန်  ။      ။      သတင်းထောက်များ မတရား ဖမ်းဆီးထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုမှ ဧပြီလ ၂၉ ရက်နေ့တွင် သဘောထား ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

DVB သတင်းထောက် ကိုဇော်ဖေ ထောင်ချခံရမှုကို ၎င်းတို့ အဖွဲ့အနေနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ ကိုဇော်ဖေသည် အများပြည်သူသိလိုသော ပညာသင်ဆုဆိုင်ရာ သတင်းကို ရယူခဲ့ခြင်းမှာ သတင်းထောက် တစ်ယောက်၏ အလုပ်တာဝန်သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စာနယ်ဇင်းပြုပြင်ပြောင်းလဲရေးကို ပြုလုပ်နေပြီဖြစ်သော်လည်း ယခုကဲ့သို့ သတင်းထောက်များကို ထောင်ဒဏ်များချခဲ့ခြင်းသည် စာနယ်ဇင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် တားဆီးနေသည်ဟု ယုံကြည်ကြောင်း DVB သတင်းထောက်ကိုဇော်ဖေ၊ Eleven Media သတင်းထောက်မခိုင်၊ Unity ဂျာနယ်မှ ၅ ဦးအပါအ၀င် သတင်း မီဒီယာသမားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် သဘောထားကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

သတင်းထောက် ကိုဇော်ဖေ အတွက် ဒီမိုကရေစီအင်အားစု၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် လုပ်ဖော်ကိုင်ဖက် သတင်းထောက်များက ဆူးလေစေတီတော် သောကြာထောင့်တွင် ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် ဆုတောင်းခဲ့ကြသည်။ အဆိုပါ ဆုတောင်းပွဲမျိုးကို သင်္ကြန်ကာလမတိုင်မီ ဧပြီလ ၁၀ ရက်နေ့ကလည်း ဆူးလေစေတီတော်၌ပင် လုပ်ဖော်ကိုင်ဘက် မီဒီယာများက ဆုတောင်းပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့ကြသေးသည်။

 

Comments

Leave a Reply