မေ ၁၁၊ ၂၀၁၄
M-Media
– ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP အား ချိုးဖောက်မှုကြောင့် ပေါင် သန်း ၅၀ ဒဏ်ငွေဆောင်ကာ ချန်ပီယံလိဂ်တွင်ကစားမည့် လူစာရင်းအား ကန့်သတ်ရန် ယူအီအက်ဖ်အေ ၏ ပြစ်ဒဏ်ကို မန်စီးတီးအသင်းက ငြင်းဆိုလိုက်သည်ဟု သိရသည်။
ထိုပြစ်ဒဏ်အား လက်ခံရန် နောက်ဆုံးသတ်မှတ်ရက်မှာ သောကြောနေ့ညက ပြည့်ခဲ့သော်လည်း လက်ခံခြင်းမရှိသောကြောင့် မန်စီးတီး၏ ကံကြမ္မာအား ယူအီးအက်ဖ်အေ ဘဏ္ဍာရေးအဖွဲ့မှ ဆုံးဖြတ်မည်ဖြစ်ကာ ဥရောပပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သည်အထိ ဖြစ်လာနိုင်သည်။
သို့သော်လည်း အသင်းပိုင်ရှင်များကမူ ထိုကိစ္စနှင့်ပတ်သက်၍ နည်းလမ်းပေါင်းစုံ အသုံးပြုကာ အားကစားခုံရုံးတွင် ရင်ဆိုင်သွားမည်ဟု ပြောကြားခဲ့သည်။ မန်စီးတီးမှာ အဆိုပါ FFP စည်းမျဉ်းကို ယူအီးအက်ဖ်အေမှ စတင်အကောင်အထည်ဖော်ကတည်းက အသင်း၏ ငွေကြေးသုံးစွဲမှုများကို လျှော့ချခဲ့သော်လည်း လူသိရှင်ကြား အသိ အမှတ်ပြုရန် ငြင်းဆန်ခဲ့မှုက ထိုစည်းမျဉ်းမှာ ဥရောပ ဥပဒေအား ချိုးဖောက်ဟု ၎င်းတို့ယုံကြည်ကြောင်း ဖော်ပြခြင်းပင်ဖြစ်သည်။
Ref : the mirror
Leave a Reply
You must be logged in to post a comment.