မေ ၁၁၊ ၂၀၁၄
M-Media
– မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန်အတွက် အခွင့်အရေး ရှိနေဆဲဟု လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြား လိုက်သည်။
လီဗာပူးလ်မှာ ပြီးခဲ့သည့်ပွဲက ခရစ္စတယ်ပဲလေ့စ်အား ၃ ဂိုးစီသရေကျခဲ့ပြီးနောက် ဇယားထိပ်ဆုံးမှ မန်စီးတီးထက် ၂ မှတ်အကွာ ဒုတိယနေရာတွင်ရှိနေပြီး ယနေ့တွင် ကစားမည့် နောက်ဆုံးပွဲတွင် နယူးကာဆယ်အား အနိုင်ကစားပြီး မန်စီးတီးက ၀က်စ်ဟမ်းအား ရှုံးနိမ့်မှသာ ပရီးမီးယားလိဂ် ဖလားကို ရရှိနိုင်မည်ဖြစ်သည်။
သို့သော်လည်း မိမိအသင်းအတွက် ဂုဏ်ယူမိကြောင်း ရော်ဂျာကဆိုပြီး ချန်ပီယံဖြစ်ခွင့်မှာ မဆုံးရှုံးသေးဟုပြောကြားခဲ့သည်။
“ဒီအခြေအနေဟာ ကျွန်တော်တို့အသင်းရဲ့ ၂၄ နှစ်တာကာလအတွင်းမှာ လိဂ်ပြိုင်ပွဲအတွက် အကောင်းဆုံး တွန်းအားတွေပါပဲ။ ကျွန်တော်တို့ဟာ ရာသီရဲ့ အဆုံးသတ်ကိုရောက်နေပြီး၊ ချန်ပီယံဖြစ်ခွင့်မဆုံးရှုံးသေးဘူးဆိုတာ ခင်ဗျားမသိနိုင်ပါဘူး” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
http://www.goal


Leave a Reply
You must be logged in to post a comment.