News @ M-Media

ယနေ့ည ဂရိနှင့် ပွဲမှာ မိမိတို့၏ အရည်အသွေး ပြရမည့်ပွဲဟု ဂျပန်တိုက်စစ်မှူး ကာဂါဝါဆို

ဇွန်လ ၁၉ ရက်။ ၂၀၁၄
M-Media
423929_heroa
– ယနေ့ညတွင် ကစားမည့် ဂရိနှင့်ပွဲမှာ မိမိတို့၏ အရည်အသွေးကို ပြသရမည့် ပွဲဖြစ်ကြောင်း ဂျပန်ကွင်းလယ်လူ ရှင်ဂျီ ကာဂါဝါက ပြောကြားလိုက်သည်။

ဇက်ခရိုနီကိုင်တွယ်သည့် ဂျပန်အသင်းမှာ အဖွင့်ပွဲစဉ်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အိုက်ဗရီကို့စ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ယခုပွဲတွင် အနိုင်ရမှသာ နောက်တစ်ဆင့် တက်ရေးအတွက် အလားအလာရှိမည်ဖြစ်သည်။

“အနိုင်ကလွဲလို့ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး။ ဒီရက်ပိုင်းမှာ ကျွန်တော်တို့ ကြိုးစားပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပါးစပ်က ပြောနိုင်တာကတော့ ကျွန်တော်တို့ နိုင်ရမယ်၊ ပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့ ရလဒ်မျိုးကိုလည်း ရရပါမယ်” ဟု ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ကာဂါဝါက ပြောကြားခဲ့သည်။

ထို့ပြင် အသင်းရှိ ကစားသမားတိုင်းမှာ ထိုပွဲအတွက် အာရုံစိုက်ရန်လိုအပ်ကြောင်း၊ မိမိတို့မှာ လုပ်နိုင်စွမ်းရှိသည်ကို ပြသရမည်ဖြစ်ကြောင်း ကာဂါဝါက ထည့်သွင်းပြောကြားခဲ့သည်။

Comments

Leave a Reply