News @ M-Media

ဂြိုဟ်တု ၅ လုံးတင်ဆောင်သည့် ဒုံးပျံတစ်ခုကို အိန္ဒိယအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

ဇူလိုင် ၁ ရက်၊ ၂၀၁၄
M-Media
133449293_14041304628721n
– နိုင်ငံခြား ဂြိုဟ်တု ၅ လုံးကို တင်ဆောင်သွားသည့် ဒုံးပျံတစ်ခုကို အိန္ဒိယ နိုင်ငံက ယနေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

၄၄.၄ မီတာရှည်ကာ အလေးချိန် တန် ၂၃၀ ရှိပြီး  PSLV-C23 ဟု အမည်ပေးထားသော အဆိုပါ ဒုံးပျံကို နိုင်ငံတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ် ဆရီဟာရီကိုတာ မြို့ရှိ Satish Dhawan အာကာသ စင်တာမှ ယနေ့နံနက် ၉ နာရီ ၅၂ မိနစ်တွင် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒုံးပျံတွင် ပြင်သစ်၊ ဂျာမနီ၊ ကနေဒါနှင့် စင်ကာပူနိုင်ငံများမှ ဂြိုဟ်တု ၅ လုံးကို တင်ဆောင်သွားခဲ့ပြီး၊ အဆိုပါ ဒုံးပျံလွှတ်တင်ပွဲသို့ အိန္ဒိယသမ္မတသစ် မိုဒီက တက်ရောက်ကြည့်ရှုခဲ့သည်။ ထိုကဲ့သို့ လွှတ်တင်နိုင်ခဲ့ခြင်းမှာ အိန္ဒိယ၏ အာကာသ စွမ်းရည်ကို နိုင်ငံတကာက ထောက်ခံချက်ပေးခြင်းဖြစ်သည်ဟု မိုဒီက ပြောကြားခဲ့သည်။

ထို့ပြင် SAARC ဂြိုဟ်တု ထုတ်လုပ်ရန် မိုဒီက အိန္ဒိယအာကာသသုတေသနအဖွဲ့ ISRO အား တိုက်တွန်းခဲ့သည်။ ISRO မှာ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဂြိုဟ်တု ၃၉ လုံးကို လွှတ်တင်ပေးခဲ့ပြီးဖြစ်သည်။

ဆင်ဟွာ

Comments

Leave a Reply