ဇူလိုင် ၁၀ ၊ ၂၀၁၄
M-Media
– ဗီယက်နမ်နိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ပထမ ၆ လပတ်အတွင်း၌ ချစားမှု ၂၃ မှုကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ယမန်နေ့က ပြုလုပ်သော “ချစားမှုတားဆီးထိန်းချုပ်ရေး ဗဟိုစီမံခန့်ခွဲမှု ကော်မတီ” ၏ အစည်းအဝေးတွင် ထုတ်ပြန်သော စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုချစားမှုများတွင် ပါဝင်ခဲ့သူများမှာ ၃၂ ဦးရှိပြီး ချစားမှုတန်ဖိုးမှာ ဗီယက်နမ်ဒေါင် ၆၈.၅ ဘီလီယံ (ကန်ဒေါ်လာ ၃.၂၅ သန်း) ရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရာဇ၀တ်မှု စာရင်းအင်းဗျူရို၏ ကိန်း ဂဏန်းများအရ ဗီယက်နက်ပြည်သူ့တရားရုံးချုပ်လက်အောက်တွင် ပြီးခဲ့သည့် မေလကုန်အထိ နိုင်ငံတစ်ဝှမ်း စုံစမ်းရေး အေဂျင်စီများက တရားစွဲဆိုထားခဲ့သော ချစားမှုမှာ ၁၀၂ မှုရှိပြီး တရားခံ ၁၉၈ ဦးပါဝင်သည်ဟု သိရသည်။
အမှု ၈၄ ခုနှင့် တရားခံ ၂၁၇ ခုဦးတို့အား တရားရုံးတွင် ရုံးထုတ်ပြီးဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ဗီယက်နမ်အစိုးရအဖွဲ့အတွင်း ချစားမှုများကို ကိုင်တွယ်ဖြေရှင်းရန် “ချစားမှုတားဆီးထိန်းချုပ်ရေး ဗဟိုစီမံခန့်ခွဲမှု ကော်မတီ” ကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ CPV မှ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး ထိုကော်မတီအား CPV မှ တိုက်ရိုက်ညွှန်ကြားနေခြင်းဖြစ်သည်။
Ref: ဆင်ဟွာ
Leave a Reply
You must be logged in to post a comment.