ဇူလိုင် ၁၇ ၊ ၂၀၁၄
M-Media
– နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ကာ လေထုအား အဆိုဝါးဆုံး ညစ်ညမ်းစေသူများအပေါ် ထားရှိသည့် အခွန်များကို သြစတေးလျ အစိုးရက ဖျက်သိမ်းလိုက်သည်ဟု သိရသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လက လေဘာအစိုးရမှ စတင်မိတ်ဆက်ခဲ့သည့် အဆိုပါအခွန်စည်းကြပ်မှုအား ဖယ်ရှားရန် သြစတေလျဆီးနိတ် လွှတ်တော်မှ ယနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၃၉ မဲ ကန့်ကွက်မဲ ၃၂ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။
ကာဗွန်ဒိုင်အောက်ဆိုက် ၁ မက်ထရစ်တန်ထုတ်လွှတ်ပါက အခွန် ကန်ဒေါ်လာ ၂၂.၆၀ ပေးဆောင်ရန် သတ်မှတ်ထားသည့် အဆိုပါဥပဒေမှာ လေဘာ အစိုးရ၏ နိုင်ငံရေးသမားများအတွက် နိုင်ငံရေးအဆိပ်အတောက်လည်း ဖြစ်ခဲ့သည်။
ပြီခဲ့သည့်နှစ်က အာဏာရခဲ့သည် ၀န်ကြီးချုပ် တိုနီ အဘော့၏ အစိုးရကလည်း ထိုအခွန်အား လျော့ချမည်ဟု ပြည်သူများအား ကတိပေးခဲ့ပြီး ထိုကဲ့သို့လျော့ချခြင်းက နေအိမ်များရှိ လျှပ်စစ်ဓာတ်အားခကို လျော့ကျစေမည်ဟုလည်း ပြောကြားခဲ့သည်။ ယခုကဲ့သို့ လျော့ချခြင်းအား ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများက ချီးကျူးခဲ့ကြသည်။
Ref: : Agencies
Leave a Reply
You must be logged in to post a comment.