သြဂုတ် ၁၈ ၊ ၂၀၁၄
M-Media
အသင်း နောက်ခံလူအား နှာခေါင်းရိုးကျိုးအောင် ခေါင်းဖြင့်တိုက်ခဲ့သည့် Bastia အသင်း တိုက်စစ်မှုးအား ရာသက်ပန် ကစားခွင့်ပိတ်ရန် PSG တောင်းဆို

– အ၀တ်လဲခန်းသို့သွားရာ လှိုဏ်ခေါင်းအတွင်း မိမိတို့၏ ကစားသမားကို ခေါင်းဖြင့်တိုက်ခဲ့သည့် ဘက်စတီယာ တိုက်စစ်မှူး ဘရန်ဒါအိုအား ဘောလုံးကစားခွင့် တစ်သက်တာ ပိတ်ပင်ရန် ပီအက်စ်ဂျီအသင်းက တောင်းဆိုလိုက်သည်ဟု သိရသည်။
စနေနေ့က ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲပြီးနောက် အ၀တ်လဲခန်းသို့သွားစဉ် ဘရန်ဒါအိုမှာ ပီအက်စ်ဂျီအသင်း၏ အီတလီနောက်ခံလူ တီယာဂိုမော်တာအား ခေါင်းဖြင့်တိုက်ခဲ့ပြီး ထိုအဖြစ်အပျက်အား ကင်မရာမှ ရိုက်ယူနိုင်ခဲ့သည်။ ခေါင်းဖြင့်တိုက်ပြီးနောက် ဘရန်ဒါအိုမှာ အလျင်အမြန် ထွက်ပြေးသွားခဲ့ပြီး မော်တာမှာ နှာခေါင်းရိုးကျိုးသွားခဲ့သည်။
ပီအက်စ်ဂျီအသင်းပိုင်ရှင် အလ်-ခါလီဖီကမူ မိမိတို့မှာ ဘရန်ဒါအိုအား တိုင်ကြားရန် ဆောင်ရွက်နေကြောင်း၊ ဘရန်ဒါအိုမှာ ဘောလုံးကစားသမားမဟုတ်ဘဲ လူဆိုးတစ်ဦးသာဖြစ်ကြောင်း၊ ထိုလုပ်ရပ်အတွက် တစ်သက်တာ လောလုံးကစားခွင့် ပိတ်ပင်သင့်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့အလုပ်က ကစားသမားတွေကို ကာကွယ်ပေးဖို့ပါ။ သီယာဂိုမော်တာ ဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ကျွန်တော်တို့ဟာ မုချ တုံ့ပြန်ရပါလိမ့်မယ်။ ကျွန်တော် လုံးဝ မကျေနပ်ပါဘူး” ဟု ခါလီဖီက ဆိုသည်။
ထိုပွဲတွင် သီယာဂိုမော်တာမှာ တစ်ပွဲလုံး ဘရန်ဒါအိုအား ထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ မည်သည့်အကြောင်းကြောင့် ဘရန်ဒါအိုက ခေါင်းဖြင့်တိုက်ခဲ့သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ref_ independent

Leave a Reply
You must be logged in to post a comment.