သြဂုတ် ၁၉ ၊ ၂၀၁၄
M-Media

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာသည့်ကဏ္ဍတစ်ခုဖြစ်သော ဟလာလ်ခရီးသွား လုပ်ငန်းစဉ်၌ ငွေကြေးအကျိုးအမြတ် မည်မျှရနိုင်ခြင်းအပေါ် သုံးသပ်မည့် ပထမဆုံး အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တစ်ရပ်ကို စပိန်နိုင်ငံ၊ အန်ဒလူစီယာ၌ Adenya Beach Resort Europe မှ လာမည့် စက်တင်ဘာ ၂၂ နှင့် ၂၃ ရက်တွင် ဈေးကွက် ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် တစ်ကွ လက်ခံ ကျင်းပမည်ဖြစ်သည်။ ဤဈေးကွက် အတွင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့် တွဲဖက်၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးသွားမည်ဟုဆိုသည်။
နောက်ဆုံးရအချက်အလက်များအရ (၂၀၁၃)ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အသုံးပြုငွေ အားလုံး၏ ၁၃ % (တန်ကြေးအားဖြင့် ဒေါ်လာ ၁၄၀ ဘီလီယံ)မှာ ဟလာလ်ခရီးသွား လုပ်ငန်းကဏ္ဍမှဖြစ်ကာ၊ (၂၀၂၀) ခုနှစ်တွင် ဒေါ်လာ (၁၉၂)ဘီလီယံ အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။
“ဒီကွန်ဖရင့်က ဟလာလ်ခရီးသွားလုပ်ငန်းအတွက် အကြီးစားအပြောင်းအလဲ အသစ်တစ်ရပ် ဖြစ်ပါတယ်။ လက်ရှိဈေးကွက်လမ်းကြောင်းအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနေတဲ့ အပြင် ခရီးသွားလုပ်ငန်း ကဏ္ဍရဲ့ လိုအပ်ချက်များကိုလည်း ပြဆိုပေးသွားမှာဖြစ်ပါတယ်။
ဟလာလ်ခရီးသွား လုပ်ငန်းကို နိုင်ငံတိုင်း၊ စီးပွားရေး လုပ်ငန်းရှင်တိုင်းက အာရုံစိုက်ဖို့လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ငန်းက တမဟုတ်ချင်း ကြီးထွားလာတယ်။ ပြီးတော့ အားလပ်ရက်များမှာ သွားလာသုံးဖြုန်းတဲ့ မွတ်စ်လင်မ်ခရီးသွားတွေ တိုးမြင့်နေလို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို တက်ကြွထိရောက်စွာ ဆောင်ရွက် လုပ်ကိုင်နေတဲ့ နိုင်ငံများနဲ့ လုပ်ငန်းခွင် နယ်ပယ်များထဲက ကျွမ်းကျင်သူများ အကြား အတွေ့အကြုံဖလှယ်မှုအတွက် လက်တွေ့ကျကျ ပလက်ဖောင်းသာမက အလွန်ထူးခြားသော အသိအမြင်ဖိုရမ်တစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။ အခွင့်အလမ်းသစ်၊ ကွန်ယက်သစ်တွေနဲ့ ပါတနာသစ်များကိုလည်း ဖော်ဆောင်ပေးပါလိမ့်မယ် ” ဟု CMM မှ ဦးဆောင်စီစဉ်သူ တက်စ်နင်းမ် မဟ်မူးဒ်က ပြောကြားသည်။
ref_Eat Halal

Leave a Reply
You must be logged in to post a comment.