News @ M-Media

မော်ရိုကိုနွယ်ဖွားများကို လူမျိုးရေးစော်ကားသည့် ဒတ်ခ်ျ နိုင်ငံရေးသမားကို ဟော်လန် တရားရုံးဆင့်ခေါ်

အောက်တိုဘာ ၁၄ ၊ ၂၀၁၄
M-Media
Far-right politician Geert Wilders of the anti-immigration Dutch Freedom (PVV) Party speaks at a PVV rally after the European Parliament elections in the Hague
– နိုင်ငံအတွင်းရှိ မော်ရိုကန်နွယ်ဖွားများအား လူမျိုးရေးခွဲခြား စော်ကားခဲ့သည့်ဒက်ခ်ျလက်ယာစွန်းရောက်ပါတီမှ နိုင်ငံရေးသမား ဂီယာ့တ် ၀ိုင်းဒါးအား ဟော်လန် တရားရုံးမှ ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။

ဝိုင်းဒါးမှာ ပြီးခဲ့သည့် မတ်လက  RTLZ နှင့် အင်တာဗျူးတွင် တိုင်းပြည် အတွင်းရှိ မော်ရိုကန် နွယ်ဖွားများမှာ ချေးညှော်များဖြစ်ကြပြီး ဟော်လန်နိုင်ငံ အတွင်းမှ ထွက်သွား သင့်သည်ဟု စော်ကားပြောဆိုခဲ့သည်။ ထို့ပြင် ကုရ်အာန် ကျမ်းတော်မြတ်အား ပိတ်ပင်သင့်သည်ဟုလည်း ဆိုသည်။

တရားသူကြီးများ၏ ဆင့်ခေါ်ချက်အရ ၀ိုင်းဒါးမှာ လူမျိုးရေးနှင့် ပတ်သက်၍ လူအုပ်စုတစ်ခုအား စော်ကားခြင်း၊ အမုန်တရားဖြန့်ဖြူးကာ လူမျိုးရေး ခွဲခြားခြင်း စသည့် ကိစ္စရပ်များအတွက် စုံစမ်းမေးမြန်းခြင်း ခံရမည်ဖြစ်သည်။

ဝိုင်းဒါးက ထိုကဲ့သို့ ပြောကြားခဲ့သည့် နောက်ပိုင်း ၎င်း၏ ပါတီမှ လွှတ်တော်အမတ်များမှာ ပါတီမှ နှုတ်ထွက်ခဲ့ကြသည်။ ဟော်လန်ဥပဒေအရ လူမျိုးရေးခွဲခြားစော်ကားမှုအတွက် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ဒဏ်ငွေ ယူရို ၇၄၀၀ (ကန်ဒေါ်လာ ၉၄၀၀) သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး  ကျခံရမည်ဖြစ်သည်။

ဝိုင်းဒါးကမူ ရားသူကြီးများ၏ ဆုံးဖြတ်ချက်အား နားမလည်နိုင်ကြာင်း၊ ထိုကဲ့သို့ ဆင့်ခေါ်မှုအတွက် စိတ်ဆိုးပြီး တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝိုင်းဒါးမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်၍ စော်ကားသူအဖြစ် လူသိများပြီး ၂၀၀၈ ခုနှစ်ကလည်း ကုရ်အာန်ကျမ်းတော်မြတ်အား စွပ်စွဲပြောဆိုထားသည့် ၁၅ မိနစ်စာ Documentary တစ်ခုကို အင်တာနက်စာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

ထိုကဲ့သို့ အစ္စလာမ်ဆန့်ကျင်ရေး ဆောင်ရွက်မှုများကြောင့် Google က ၀ိုင်းဒါး၏ gmail အကောင့်အား ပြီးခဲ့သည့်နှစ်က ပိတ်ပစ်ခဲ့သည်။

ယခုနှစ် မေလကလည်း ၀ိုင်းဒါးမှာ အစ္စလာမ်သာသနာအား စော်ကားသည့် စာသားဖြင့် ဆော်ဒီအလံအား နိုင်ငံအတွင်း ဖြန့်ဝေခဲ့ပြီး ထိုလုပ်ရပ်ကြောင့် ဆော်ဒီက ဟော်လန်နိုင်ငံအား တစ်ဆင့်ခံ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

Comments

Leave a Reply