အောက်တိုဘာ ၁၄ ၊ ၂၀၁၄
M-Media

– လူမြင်ကွင်းမှ တစ်လကျော်ကြာ ပျောက်ကွယ်သွားခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် မှာ ယနေ့နံနက်တွင် နိုင်ငံအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုသို့ သွားရောက်ခဲ့သည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA က ဖော်ပြခဲ့သည်။
စက်တင်ဘာ ၃ ရက်နေ့က ဖျော်ဖြေပွဲတစ်ခုသို့ ဇနီးဖြစ်သူနှင့် တက်ရောက်ခဲ့ပြီးသည့် အချိန်မှစ၍ ကင်ဂျုံအန်မှာ လူမြင်ကွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး၊ ကျန်းမာရေး ပြဿနာကြောင့်၊ သို့မဟုတ် ညီမဖြစ်သူ၏ အာဏာသိမ်းခြင်း ခံခဲ့ရသောကြောင့် ပျောက်သွားခဲ့ခြင်းဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း နိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအား သွားရောက်လည်ပတ်သည့် ကင်ဂျုံအန်၏ သတင်းကို KCNA သတင်းဌာနက ယနေ့တွင် ထုတ်လွှင့်ခဲ့ပြီး ၎င်း၏ အမှတ်အသားဖြစ်သည့် ကျယ်သီးတပ် ကုတ်အင်္ကျီအနက်နှင့် ပြုံးကာ၊ လက်ပြနေသည့် ကင်ဂျုံအန်၏ ပုံရိပ်အများအပြားကိုလည်း မြောက်ကိုရီးယား အာဏာရပါတီမှ ထုတ်ဝေသော Rodong Sinmun သတင်းစာတွင် ဖော်ပြခဲ့သည်။
သို့သော်လည် KCNA က ထုပ်လွှင့်ခဲ့သည့် ကင်ဂျုံအန်၏ ပုံရိပ်မှာ အောက်တိုဘာ ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ခြင်း ဟုတ်မဟုတ် မသေချာကြောင်း မြောက်ကိုရီးယားမှ အလ်ဂျာဇီးရား သတင်းထောက် ထရီဇာဘိုက ပြောကြားခဲ့သည်။
ref_ aljazeera

Leave a Reply
You must be logged in to post a comment.