News @ M-Media

အပစ်ရပ်ရေးနှင့် ကျောင်းသူများအား ပြန်လွှတ်ပေးရေး နိုက်ဂျီးရီးယား အစိုးရနှင့် ဘိုကိုဟရမ်တို့ သဘောတူညီချက် ရရှိ

အောက်တိုဘာ ၁၈ ၊ ၂၀၁၄
M-Media
665003303001_3845857983001_201491694937442734-20
– နိုင်ငံအတွင်း အပစ်ရပ်ရေးနှင့် ပြန်ပေးဆွဲခဲ့သော ကျောင်းသူ ၂၀၀ကျော်အား ပြန်လွှတ်ပေးရေးအတွက် သူပုန်အဖွဲ့ဖြစ်သည့် ဘိုကိုဟရမ်နှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု နိုက်ဂျီးရီးယားအား အာဏာပိုင်များက ပြောကြားလိုက်သည်။

ယမန်နေ့က မြို့တော် အဘူဂျာတွင် ပြုလုပ်ခဲ့သော နိုက်ဂျီးရီးယားနှင့် ကင်မရွန်းမှ အကြီးတန်း စစ်ဖက်အရာရှိများ အစည်းအဝေးတွင် နိုက်ဂျီးရီးယား လေတပ်မှ အကြီးအကဲ အဲလက်စ် ဘာဒဟ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ကြေညာခြင်းမပြုမီ နိုက်ဂျီးရီးယား သမ္မတ ဂွဒ်လက် ဂျိုနသန်၏ အကြီးတန်အကြံပေး တစ်ဦးဖြစ်သူ ဟာဆန် တူကူရ်ကလည်း ကျောင်းသူ ၂၁၉ ဦးအား လွှတ်ပေးရေးအပါအ၀င် တိုက်ခိုက်မှုများ ရပ်တန့်ရန်အတွက် ဘိုကိုဟရမ်နှင့် ဆွေးနွေးမှုများပြုလုပ်နေကာ သဘောတူညီချက်ရရှိခဲ့သည်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှုများတွင် တိုးတက်မှုများရှိနေသော်လည်း ပြန်ပေးဆွဲခံထားရသည့် ကျောင်းသူ ၂၀၀ ကျော်အား ပြန်လွှတ်ပေးရေးအတွက် တိကျသော သဘောတူညီချက် မရသေးဟု အချို့သတင်းရင်းမြစ်များက ဖော်ပြကြသည်။

ref_ Al Jazeera and agencies

Comments

Leave a Reply