News @ M-Media

ချယ်ဆီး ပရိတ်သတ်များမှာ အသင်းအား အားပေးမှုနည်းသည်ဟု မော်ရင်ဟိုဆို

နိုဝင်ဘာ ၅ ၊ ၂၀၁၄
M-Media
1414995635045_wps_1_Early_Chelsea_Fan_Arrives
– ပြီးခဲ့သည့် တစ်ပတ်က ပရိတ်သတ်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည့် မိမိ၏ မှတ်ချက်အား မိမိတာဝန်ယူပြီး အခြားအသင်းကြီးများထက်စာလျှင် ချယ်ဆီး ပရိတ်သတ်များမှာ မိမိတို့ အသင်းကို အားပေးမှုနည်းသည်ဟု မော်ရင်ဟိုက ပြောကြားလိုက်သည်။

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကျူပီအာရ်အား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲပြီးနောက် မော်ရင်ဟိုက မိမိတို့အသင်းမှာ ပရိတ်သတ် မရှိသည့် ကွင်းတွင် ကစားနေရသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝေဖန်မှုများရှိလာခဲ့ပြီး မော်ရင်ဟိုကလည်း မိမိစကားအား မရုပ်သိမ်းဟု ပြောကြားခဲ့သည်။

“အိမ်ကွင်းပွဲတွေမှာ ကျွန်တော်တို့ဟာ အားပေးမှုနည်းပါတယ်။ အရင်အချိန်နဲ့ နှိုင်းယှဉ်ရင် ဒါဟာ ပိုဆိုးလာတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

ပရိတ်သတ်၏ အားပေးမှုအတွက် မော်ရင်ဟိုက ထိုကဲ့သို့ ဝေဖန်ခဲ့သော်လည်း အသင်းမှာ ကောင်းမွန်စွာကစားနေသည့် တစ်လျှောက်လုံး မိမိတို့က နည်းပြအပေါ် အမြင်ပြောင်းလဲသွားမည် မဟုတ်ဟု “ချယ်ဆီးအားပေးသူများ” အဖွဲ့၏ ဥက္ကဌဖြစ်သူ တင်မ်ရိုးလ်က ပြောကြားခဲ့သည်။

“သူဟာ အလွန့်အလွန် လူကြိုက်များတဲ့ နည်းပြတစ်ဦးပါ။ ဒါနဲ့ပတ်သက်ပြီးတော့ သူ့အပေါ်မှာ ဒေါသဖြစ်တာမျိုး လုံးဝ မရှိပါဘူး။ သူဟာ သူ့ရဲ့ရှုထောင့်ကို ပြောခဲ့တာပါ။ သူဟာ ပွဲတွေကို အနိုင်ကစားနေတယ်။ ပြီတော့ကျွန်တော်တို့ဟာ ထိပ်ဆုံးမှာပါ” ဟု ရိုးလ်စ်က ပြောကြားခဲ့သည်။

Comments

Leave a Reply