နိုဝင်ဘာ ၆ ၊ ၂၀၁၄
M-Media

– သမီးဖြစ်သူအား အဓမ္မကျင့်ခဲ့သူအား ညစာ ဖိတ်ကျွေးပြီး သတ်ဖြတ်လက်စားချေခဲ့သည့် အမျိုးသား တစ်ဦးကို ဒေလီရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၅၀ ကျော် အရွယ် အမျိုးသားက ရဲစခန်းသို့ သွားရောက် ၀န်ခံခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးက အဓမ္မပြု ကျင့်ခဲ့ခြင်းကို မကျေနပ်သောကြောင့် အဓမ္မပြုကျင့်သူ၏ လိင်အင်္ဂါကို မီးဖြင့်ရှို့ခြင်း စသဖြင့် နှိပ်စက်ညှင်းပန်းကာ မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည့်ကို ဖြောင့်ချက်ပေးခဲ့သည်။
အဓမ္မကျင့်ခံရမှုမှာ ၁၄ နှစ်အရွယ် သမီးဖြစ်သူ အိမ်တွင် တစ်ယောက်တည်းရှိနေချိန် လွန်ခဲ့သည့် ၂ လ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်သူက ထိုကိစ္စအား မည်သူ့ကိုမှ မပြောရန်နှင့် ပြောခဲ့ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်သွားမည်ဟု အဆိုပါ မိန်းကလေးအား ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရကြောင်းကို ကိုယ်ဝန်ရှိသည့်အခါမှ သိရကြောင်း၊ ထိုပြဿနာကြောင့် သမီးဖြစ်သူတွင် ပျော်ရွှင်မှုလည်း ပျောက်ဆုံးကာ အစားသောက်များလည်း စားသောက်ခြင်း မရှိတော့ကြောင်း မိခင်ဖြစ်သူက ထည့်သွင်းပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ကမူ ဥပဒေရေး အကြောင်းများကြောင့် ပြစ်မှုကျူးလွန်သူ၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ဘဲ အသတ်ခံရသူ၏ အလောင်းအား ဆေးရုံသို့ ယူဆောင်ကာ စစ်ဆးမှုများ ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ref_ Independent

Leave a Reply
You must be logged in to post a comment.