နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
M-Media
– စပိန်နိုင်ငံမှ ခွဲထွက်ရေးအတွက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော ပြည်သူ့ဆန္ဒခံယူပွဲတွင် ကာတာလိုနီယာ ပြည်သူများ၏ ၈၈ ရာခိုင်နှုန်းက ခွဲထွက်ရေးအတွက် မဲပေးခဲ့ကြသည်ဟု သိရသည်။
လူပေါင်း ၂ သန်း ပါဝင်မဲပေးခဲ့သည့် အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်များကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်က ကြေညာခဲ့ခြင်းဖြစ်ပြီး ၁.၆ သန်းက လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်ရန် မဲပေးခဲ့ကြခြင်း ဖြစ်သည်။
လူဦးရေ ၇.၅ သန်းရှိသော ကာတာလိုနီယာဒေသတွင် မဲပေးပိုင်ခွင့်ရှိသူမှာ ၅ သန်းကျော်ရှိသော်လည်း ဥပဒေပိုင်းဆိုင်ရာ အာမခံမှုများ မရှိမည်ကို စိုးရိမ်၍ အချို့မှာ မဲပေးခြင်း မရှိခဲ့ကြချေ။
စပိန်မှခွဲထွက်ရေး အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို စပိန်အခြေခံဥပဒေဆိုင်ရာခုံရုံးက သဘောမတူခဲ့ဘဲ စပိန်အစိုးရကလည်း ထိုရွေးကောက်ပွဲမှာ အခြေခံဥပဒေနှင့် မညီညွှတ်ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်အဆင့် စပိန်တရားသူကြီးများကမူ အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ တရား ၀င်၊ မ၀င်နှင့် ကာ့တ်လန်အစိုးရမှာ ဥပဒေကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို စစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
ref_ Agencies
Leave a Reply
You must be logged in to post a comment.