ဒီဇင်ဘာ ၉ ၊ ၂၀၁၄
M-Media
– နယ်သာလန်နိုင်ငံ ဟေ့ဂ်မြို့အခြေစိုက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု လိုက်သည်ဟု သိရသည်။
ထိုကဲ့သို့ အသိအမှတ်ပြုရန် ဒီဇင်ဘာ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြည်သူများအတွက် အထင်ကရ အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုသို့ အသိအမှတ်ပြုခဲ့ခြင်းမှာ အစ္စရေးက သိမ်းပိုက်ထားသာ ပါလက်စတိုင်းပိုင်နက်များအတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် လမ်းပွင့်သွားခြင်းလည်း ဖြစ်သည်။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှာ သဘောတူညီချက်များကို အခြေခံထားသည့် အမြဲတမ်းခုံရုံး တစ်ခုဖြစ်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ အဆိုးရွားဆုံး ရာဇ၀တ်မှုများအား ကြိုးကိုင် ချယ်လှယ်ခဲ့သူများ လွတ်မြောက်မှုကို အဆုံးသတ်ရန် ထည်ထောင်ထားခြင်းဖြစ်သည်။
အဆိုပါ ရာဇ၀တ်ခုံရုံးမှ ဘောစနီးယား စစ်ပွဲတွင် ဖြစ်ပွားခဲ့သော စစ်ရာဇ၀တ်မှုများ၊ ရ၀မ်ဒါတွင် ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုကာ ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့သည်။
နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတွင် နေရာ တစ်နေရာ ရရှိသွားခဲ့သည့် ပါလက်စတိုင်းက တောင်းဆိုမှုများ ပြုလုပ်ပါက ပါလက်စတိုင်း ပိုင်နက်အတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည့် အလားအလာရှိနေသည်။
Al Jazeera
Leave a Reply
You must be logged in to post a comment.