ဒီဇင်ဘာ ၁၀ ၊ ၂၀၁၄
M-Media
– ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီမှာ အသင်းအတွက် သွင်းပေးသော ဂိုး အရေအတွက် ၄၀၀ ပြည့်ခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသည့် ကစားသမား ဖြစ်လာခဲ့သည်ဟု သိသည်။
တနင်္ဂနွေနေ့က ကတ်တလန် ပြိုင်ဘက် အက်စပန်ညိုအသင်းအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် မက်ဆီမှာ ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ထိုဂိုးများက ဘာစီလိုနာအသင်းအတွက် တရားဝင်ပြိုင်ပွဲများနှင့် ချစ်ကြည်ရေးပွဲ စုစုပေါင်း ၄၈၆ ပွဲတွင် သွင်းယူခဲ့သော ၄၀၀၊ ၄၀၁ နှင့် ၄၀၂ ဂိုးမြောက်ဂိုးများ ဖြစ်ခဲ့သည်။
ထို့ပြင် ထိုဂိုးများကြောင့် ဒါဘီပြိုင်ပွဲ ၁၁ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူပေးထားသည့် ဆီဇာ ရော်ဒရီဂက်ဇ်၏ စံချိန်နှင့်လည်း တူညီသွားပြီဖြစ်သည်။
အက်စပန်ညိုနှင့် အဆိုပါပွဲတွင် ဘာစီလိုနာမှာ ဦးဆောင်ဂိုး ၁ ဂိုး ပေးလိုက်ရသော်လည်း မက်ဆီ၏ ဟက်ထရစ်၊ ပီကေးနှင့် ပက်ဒရိုတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
Leave a Reply
You must be logged in to post a comment.