ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
M-Media
– ထူးဆန်းသော ရောဂါတစ်ခုကြောင့် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးပုံစံမျိုး ဖြစ်သွားခဲ့သည်ဟု သိရသည်။
ဟူဂျူအန်ဟုအမည်ရသည့် အဆိုပါအမျိုးသမီးမှာ ဇန်ဇူးမြို့တွင်နေထိုင်သူဖြစ်ပြီး Cutis Laxa အမည်ရသော ရောဂါတစ်မျိုးကို ခံစားနေရကာ ထိုရောဂါက သူမအား အဘွားအို တစ်ဦးအဖြစ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။
ထိုရောဂါခံစားနေရမှုကို သူမက လွန်ခဲ့သည့် ၁၁ နှစ် ပထမဆုံး ကလေးမွေးဖွားစဉ်ကတည်းက သတိပြုမိခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ လည်ပင်များ တွဲကျလာကာ မျက်နှာပေါ်တွင်လည်း ပါရေတွန့်ခြင်းများ ဖြစ်လာခဲ့သည်ဟု သူမက ပြောကြားခဲ့သည်။
Cutis Laxa ရောဂါမှာ တစ်ရှူးများ မူမမှန်သည့် ရောဂါမျိုးဖြစ်ပြီး အသားရေများမှာလည်း အလုပ်မလုပ်တော့ကာ ထိုရောဂါအတွက် လောလောဆယ်တွင် ကုသရန် ဆေးမရှိသေးဘဲ ခွဲစိတ်ပြုပြင်ခြင်း နည်းလမ်းဖြင့်သာ သာမန် ရုပ်ရည်မျိုးပြန်ရအောင် ဆောင်ရွက်နိုင်သည်။
ထိုရောဂါမျိုးဖြစ်ပွားသူများမှာ တရုတ်နိုင်ငံတွင် ဂျူအန် တစ်ဦးတည်းသာ ရှိသေးပြီး တစ်ကမ္ဘာလုံးတွင်လည်း ၁၀ ဦးခန့်သာ ရှိသည်။ ဂျူအန်ကမူ နဂိုရုပ်ရည် အတိုင်း ပြန်လည်ရရှိရေးအတွက် ခွဲစိတ်ကုသမှု ခံယူရန် စီစဉ်နေသည်။
ref_ Press TV
Leave a Reply
You must be logged in to post a comment.