ဒီဇင်ဘာ ၂၆၊ ၂၀၁၄
M-Media
– ၂၀၁၄ ခုနှစ် အာဖရိက တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဇကာတင် ၃ ဦး စာရင်းကို ထုတ်ပြန်ခဲ့ရာ အိုက်ဗရီကို့စ်မှ ယာယာတိုးယေး၊ ဂါနာမှ အဘီဒဲလ်ပီလီနှင့် နိုက်ဂျီးရီးယားမှ အန်ယီမာ အူဘာမေယန်တို့ ပါဝင်လာသည်ဟု သိရသည်။
ပရီးမီးယားလိဂ်နှင့် လိဂ်ဖလားချန်ပီယံ မန်စီးတီးအသင်း၏ အဓိက
ကွင်းလယ်ကစားသမားဖြစ်သူ တိုးယေးမှာ ပြီးခဲ့သည့်နှစ်အပါအ၀င် သုံးနှစ်ဆက်တိုက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိထားပြီး ဂါနာမှ အဘီဒီ ပီလီနှင့် အကြိမ်အရေအတွက် တူနေသည်။ ထို့ကြောင့် တိုးယေးမှာ ယခုနှစ်တွင် ထပ်မံရရှိပါက အာဖရိကအကောင်းဆုံး ကစားသမားဆုကို အများဆုံးရရှိသည့် စံချိန်တင်နိုင်မည်ဖြစ်သည်။
အူဘာမေယန်မှာလည်း ဂျာမန်ကလပ် ဒေါ့မွန်အသင်းတွင် ခြေင်စွမ်းပြနေသူဖြစ်ပြီး အသင်းအတွက် ၁၃ ဂိုး သွင်းပေးခဲ့သူဖြစ်သည်။
ဇကာတင်စာရင်းတွင် ပါဝင်သူ နောက်ဆုံးတစ်ဦးမှာ ပြင်သစ်ကလပ် လိုင်လီတွင် ကစားနေသည့် နိုက်ဂျီးရီးယားအသင်းခေါင်းဆောင် အန်ယီမာဖြစ်သည်။ အန်ယီမာမှာ ပြီးခဲ့သည့်နှစ် ပြင်သစ်လီဂူးတွင် အဆင့် ၃ ရခဲ့သည့် လိုင်လီအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။
အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ကြေညာခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီ ၈ ရက်နေ့တွင် နိုက်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Ref Goal.com

Leave a Reply
You must be logged in to post a comment.