News @ M-Media

ဆီးရီးယားဒုက္ခသည်များအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပါမည့် ဒုက္ခသည်စခန်းတစ်ခုကို တူရကီ ဆောက်လုပ်နေ

ဆီးရီးယားဒုက္ခသည်များအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပါမည့် ဒုက္ခသည်စခန်းတစ်ခုကို တူရကီ ဆောက်လုပ်နေ
===============================
ဒီဇင်ဘာ ၂၇၊ ၂၀၁၄
M-Media

10171049_816014995107639_6571581821995121346_n

– ပြည်တွင်းစစ်ကြောင့် ဆီးရီးယား-တူရကီနယ်စပ် ကိုဘိန်းမြို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသည့် ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာအား နေရာချထားပေးနိုင်ရန်အတွက် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒုက္ခသည်စခန်းများကို အဆင့်မြှင့်တင်ကာ စခန်းအသစ်များလည်း ဆောက်လုပ်နေသည်ဟု သိရသည်။

အဆိုပါ စခန်းအသစ်များကို ဇန်န၀ါရီလ အလယ်ပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး လူပေါင်း ၃၂၅၀၀ ဦး နေထိုင်နိုင်မည်ဟု တူရကီ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲရေးအဖွဲ့ AFAD ၏ ထိုဒေသအတွက် တာဝန်ရှိသူ မဟ်မူတ် ဆန်မက်ဇ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် ပညာရေးအဖွဲ့အစည်းများ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ကိရိယာတန်ဆာပလာ အပြည့်အစုံပါရှိသည့် ဆေးရုံတစ်ရုံလည်း ပါဝင်မည်ဖြစ်သည်။

ကိုဘိန်းနှင့် ပတ်ဝန်းကျင်ဒေသများမှ ထွက်ပြေးလာခဲ့သည့် ဒုက္ခသည် ၁၈၀၀၀၀ ခန့်မှ အများစုမှာ တူရကီမြူနီစီပယ်တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သည့် အဖွဲ့များမှ ကူညီပေးထားသော ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

တူရကီနိုင်ငံမှာ ဆီးရီးယားဒုက္ခသည် ၁.၇ သန်းကို နေရာပေးထားရပြီး ဒုက္ခသည်များ၏ လိုအပ်ချက်များကို ဖြည့်တင်းပေးရန်အတွက် ကန်ဒေါ်လာ ၅.၅ ဘီလီယံကို သုံးစွဲခဲ့ရသည်ဟု စနေနေ့က တူရကီသမ္မတ အာဒိုဂန်၏ ထုတ်ပြန်ခဲ့သော စာရင်းအင်းတွင် ဖော်ပြထားသည်။

Source : Agencies

Comments

Leave a Reply