ဒီဇင်ဘာ ၃၀၊ ၂၀၁၄
M-Media
– မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ တိုးတက်စေရန် အတွက် အသေးစားငွေချးလုပ်ငန်း၊ အသေးစား အာမခံ လုပ်ငန်းတို့ကို ဖိလစ်ပိုင် ကုမ္ပဏီ တစ်ခုက စတင်ဆောင်ရွက်တော့မည်ဟု သိရသည်။
အဆိုပါကုမ္ပဏီမှာ ကျေးလက်ဒေသနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး အပြန်အလှန်ဖေးမကူညီမှု အသင်း Card MRI ဖြစ်ပြီး Card Myanmar Company Limited (CMCL) အမည်ဖြင့် မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုများ ပေးသွားမည်ဖြစ်ကာ လုပ်ငန်းလိုင်စင်ကို ဇူလိုင်လက ရရှိခဲ့သည်။
`CMCL ဟာ ၀န်ဆောင်မှုပေးတဲ့ကုမ္ပဏီတစ်ခုပါ။ ပြီးတော့ အသေးစားငွေချေးလုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အသေးစားငွေချေးလုပ်ငန်းကို ဖိလစ်ပိုင်က ကျွန်တော်တို့ရဲ့ နည်းပညာတွေ၊ အတွေအကြုံတွေကို အခြေခံပြီး ဆောင်ရွက်သွားမှာပါ´ ဟု Card MRI ကိုတည်ထောင်သူနှင့် မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဂျိုင်မီ အရစ္စတိုတယ် ဘီ
အလစ်ပ်က ပြောကြားခဲ့သည်။
Card ကုမ္ပဏီမှာ စီးပွားရေး၊ အသေးစားငွေချေးလုပ်ငန်းများ၊ အသေးစား အာမခံလုပ်ငန်း၊ SME ဘဏ်လုပ်ငန်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖိလစ်ပိုင်၌ နှစ်ပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဆောင်ရွက်ခြင်းမှာ ဖိလစ်ပိုင် အပြင်ဘက် တွင် ပထမဆုံး လုပ်ဆောင်ခြင်း လည်းဖြစ်သည်။
သို့သော်လည်း မိမိတို့ကုမ္ပဏီအနေဖြင့် ၀န်ဆောင်မှုများကို Card MRI International Group မှတစ်ဆင့် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ၂၀၀၇ ခုနှစ်မှ စတင်ကာ ပေးအပ်နေခြင်းဖြစ်သည်ဟု အလစ်ပ်က ထည့်သွင်းပြောကြားခဲ့သည်။
CMCL မှာ ပြီးခဲ့သည့်နိုဝင်ဘာလမှစတင်ကာ မြို့နယ်တစ်ခုတွင် စင်တာ ၈ ခုဖွင့်ဖွင့်လှစ်ခဲ့ကာ ဘဏ္ဍာရေးအခက်အခဲရှိသည့် မိသားစုများအတွက် ကျပ် ၆.၇ သန်းခန့်ကို နှစ်ရှည်ချေးငွေအဖြစ် ထုတ်ချေးပေးထားသည်။ အဆိုပါ စင်တာတွင် အဖွဲ့ဝင်ပေါင်း ၁၇၅ ဦးရှိပြီး ၁၄၂ ဦးမှာ ချေးငွေများကို ရရှိခဲ့ကြသည်။
စီးပွားရေးလုပ်ငန်းအခြေအနေပေါ် မူတည်၍ အဖွဲ့ဝင်တစ်ဦးမှာ အနည်းဆုံး ကန်ဒေါ်လာ ၅၀ မှ ၁၀၀ အထိ ရရှိကြပြီး အလစ်ပ်ကမူ ၂၀၁၅ ခုနှစ်တွင် ရုံးခွဲ ၅ ခုထပ်မံဖွင့်လှစ်ကာ အဖွဲ့ဝင် ၆၆၄၀ ကို ၀န်ဆောင်မှုပေးသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
Ref : sunstar.com
Leave a Reply
You must be logged in to post a comment.