News @ M-Media

အေစီတိုက်စစ်မှူး တောရက်စ် အသင်းဟောင်း အက်သလက်တီကိုသို့ ပြောင်းမည်

ဒီဇင်ဘာ ၃၀၊ ၂၀၁၄
M-Media
10906269_818581924850946_400165922210007938_n
– အေစီမီလန်အသင်း၏ စပိန်တိုက်စစ်မှူးဖြစ်သူ ဖာနန်ဒိုတောရက်စ်မှာ ၎င်းအောင်မြင်ခဲ့ရာ အက်သလက်တီကို မက်ဒရစ် အသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့ မည်ဟု သိရသည်။

ချယ်ဆီးတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် တောရက်စ်မှာ ယခုနှစ်ရာသီအစတွင် အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ ခဲ့သော်လည်း ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိခဲ့ပဲ အက်သလက်တီကိုမက်ဒရစ်အသင်းသို့ လာမည့်နှစ်ကုန်အထိ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီချက် ရခဲ့ခြင်းဖြစ်သည်။

`သဘောတူညီမှုရခဲ့ပါပြီ။ ဇန်န၀ါရီ ၄ ရက် တနင်္ဂနွေနေ့မှာ တရားဝင်ထုတ်ပြန်သွား မှာပါ။တောရက်စ် ပြန်ရောက် လာတော့မယ် ဆိုတာဟာ ဘောလုံးလောကနဲ့ အက်သလက်တီကိုတို့အတွက် သတင်းကောင်းလည်း ဖြစ်ပါတယ်´ ဟု အက်သလက်တီကို မက်ဒရစ် ဥက္ကဌ အန်းရစ် စီရီဇိုက ပြောကြားခဲ့သည်။

အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် တောရက်စ်ကမူ အက်သလက်တီကိုအသင်း မှာ လွန်ခဲ့သည့် နှစ်များအတွင်း အောင်မြင်မှုများကို ရရှိခဲ့ပြီး မည်သူကမှ မိမိအိမ်သို့ မပြန်ချင်ဘဲမနေကြောင်း၊ အက်သလက်တီကိုသို့ ပြန်ခွင့်ရသည့် အတွက် ပျော်ရွှင် မိကြောင်း ပြောကြားခဲ့သည်။

အက်သလက်တီကိုတွင် တောက်ပခဲ့သည့် တောရက်စ်မှာ ၂၀၀၇ ခုနှစ်က လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

သို့သော်လည်း ချယ်ဆီးနှင့် အေစီမီလန်တို့တွင်မှု ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ပုံမှန် ကစားခွင့်ပါ ဆုံးရှုံးခဲ့ရသည်။

Ref : goal.com

Comments

Leave a Reply