ဒီဇင်ဘာ ၃၁၊ ၂၀၁၄
M-Media

– လက်ချောင်းများကို ရိုက်ထားသော ဓာတ်ပုံအနည်းငယ်ဖြင့် လူတစ်ဦး၏ လက်ဗွေရာကို ဖန်တီးရယူနိုင်သည်ဟု ဥရောပ၏ အကြီးဆုံး ဟက်ကာအဖွဲ့ဖြစ်သည့် Chaos Computetr Club က ပြောကြားလိုက်သည်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် Chaos Computer Club ၏ ၃၁ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်ဖြစ်ပြီး ၎င်းတို့၏အဖွဲ့မှ Starbug အမည်ဝှက်ကို အသုံးပြုသည့် ဂျန်ကရစ္စလာကမူ ဂျာမန်ကာကွယ်ရေးဝန်ကြီး အာဆူလန် ဗွန် ဒါ လီယန်၏ လက်ဗွေရာအား မည်ကဲ့သို့ ဖန်တီးခဲ့သည်ကိုလည်း ရှင်းပြခဲ့သည်။
အောက်တိုဘာလက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒါလီယန်၏ လက်မအား ရှုထောင့်အမျိုးအမျိုးမှ အနီးကပ်ရိုက်ကူး ထားသော ဓာတ်ပုံအနည်းငယ် ရယူခဲ့ပြီး VriFinger ဟုအမည်ရသည့် ဆော့ဖ်ဝဲတစ်ခုကို အသုံးပြုခဲ့ကာ လက်ဗွေရာကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
လက်ဗွေရာများကို ပြောင်ချောနေသော အရာဝတ္ထုအား လက်ဖြင့်ထိမှသာ  ရယူနိုင်သည်ဟု ယခင်က သိခဲ့သည်။ သို့သော်လည်း လူတစ်ယောက်က အများပြည်သူရှေ့တွင် စကားပြောစဉ် ၎င်း၏ လက်မအား သာမန် ကင်မရာဖြင့်ရိုက်ထားသည့် ဓာတ်ပုံအနည်းငယ်ဖြင့် လက်ဗွေရာကို ရယူနိုင်သည်ဟု ကရစ္စလာက ဆိုပြီး နိုင်ငံရေးသမားများအနေဖြင့်
အများပြည်သူရှေ့တွင် စကားပြောသည့် အခါ လက်အိတ်များပင် ၀တ်ကောင်းဝတ်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
လူတစ်ဦးတစ်ယောက်၏ လက်ဗွေရာအား ထိုကဲ့သို့ အလွယ်တကူ ရယူနိုင်မည်ဆိုပါက လုံခြုံရေးအတွက် လက်ဗွေရာအသုံးပြုမှုကို ကြီးမားသော ထိုးနှက်ချက်များ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေသည်။
Source : dailytimes

Leave a Reply
You must be logged in to post a comment.