ဇန်န၀ါရီ ၁၅၊ ၂၀၁၅
M-Media
– မိမိမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သော်လည်း သားဖြစ်သူ ခရစ် ဂျူနီယာမှာ ဘာကာတိုက်စစ်မှူး မက်ဆီ၏ ပရိတ်သတ်ဖြစ်နေသည်ဟု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။
ရော်နယ်ဒိုမှာ ဇန်န၀ါရီ ၁၂ ရက်နေ့က မက်ဆီအားကျော်ဖြတ်ကာ တတိယမြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon D’Or ကို ဆွတ်ခူးရှိခဲ့သည်။ ဇူးရစ်ခ်ျ၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ စကားဖောင်ဖွဲ့ခဲ့ကြပြီး ခရစ်ဂျူနီယာက မက်ဆီအားမြင်သောအခါ အပြေးအလွှားသွားရောက်၍ နှုတ်ဆက်ခဲ့သည်။
`ကျွန်တော်တို့ ၂ ယောက်စလုံးရဲ့ဗီဒီယိုကို သူက အင်တာနက်ပေါ်မှာ ကြည့်ပါတယ်။ ပြီးတော့ သူက ခင်ဗျားအကြောင်းပဲပြောတယ်´ ဟု ရော်နယ်ဒိုက မက်ဆီအား ပြောကြားခဲ့သည်။
ထို့နောက် မက်ဆီက ခရစ်ဂျူနီယာလေးအား ကလူကျီစယ်ခဲ့ပြီး ဘယ်လိုနေသလဲဟု မေးမြန်းခဲ့ရာ ခရစ်က `ဦးလေး အခု ရှက်ကိုးရှက်ကန်း ဖြစ်နေတယ်မဟုတ်လား´ ဟု ပြန်လည်ဖြေကြားခဲ့သောကြောင့် ရော်နယ်ဒိုနှင့် မက်ဆီတို့နှစ်ဦးစလုံး ရယ်မောခဲ့ကြသည်။
မက်ဆီမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၀၈ ခုနှစ်မှစ၍ လေးနှစ်ဆက်တိုက် ရရှိခဲ့သူဖြစ်သည်။
Ref:alarabiya


Leave a Reply
You must be logged in to post a comment.