ဖေဖော်ဝါရီ ၇၊ ၂၀၁၅
M-Media
– အာဆီယံဒေသအား စံတော်ချိန်တစ်ခုတည်းအဖြစ် သတ်မှတ်ရေး ဒေသတွင်းနိုင်ငံများအားလုံးကို ဆွဲဆောင်ရန် အင်ဒိုနီးရှားနှင့် မလေးရှားခေါင်းဆောင်များက ယမန်နေ့တွင် သဘောတူညီခဲ့သည်ဟု သိရသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို ကွာလာလမ်ပူတွင် တွေ့ဆုံစဉ်အတွင်း ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်ပြီး ထိုစိတ်ကူးက အာဆီယံစည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို တိုးပွားစေလိမ့်မည်ဟု ၎င်းတို့က သတင်းထောက်များအား ပြောကြားခဲ့သည်။
လက်ရှိ အာဆီယံဒေသတွင် မတူညီသော စံတော်ချိန်သုံးခုရှိပြီး အနောက်ခြမ်း မြန်မာနိုင်ငံမှ အရှေ့ခြမ်း စင်ကာပူနှင့် မလေးရှားအထိ အချိန်ကွာဟမှုမှာ မိနစ် ၉၀ ရှိနေသည်။ အင်ဒိုနီးရှားနိုင်ငံအား စံတော်ချိန်တစ်ခုတည်းအဖြစ် ဆောင်ရွက်ရန် ယခင်က စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်နိုင်ငံတည်းတွင်ပင် စံတော်ချိန် ၃ ခု ဖြစ်နေသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကေ ရှန်မူဂမ်ကလည်း ထိုအစီအစဉ်ကိုထောက်ခံသည်ဟု ယခင်က ပြောကြားဖူးပြီး ဇန်န၀ါရီ ၂၈ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီများအစည်းအဝေးတွင် ၎င်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။
ထိုအဆိုအား ထောက်ခံသူများလည်းရှိပြီး ၎င်းတို့ကမူ ဒေသတွင်း စံတော်ချိန်တစ်ခုတည်း ပြုလုပ်လိုက်ခြင်းဖြင့် ဘဏ်လုပ်ငန်းများကို ပိုမိုလွယ်ကူစေပြီး ဘဏ်ဖွင့်ချိန်နှင့် စတော့ဈေးကွက်ဖွင့်ချိန်များကို ညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့သည်။
Ref: channelnewsasia
Leave a Reply
You must be logged in to post a comment.