ဖေဖော်ဝါရီ ၈၊ ၂၀၁၅
M-Media
– မဲခေါင်မြစ်ဝှမ်းအတွင်း တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ ဒုတိယအကြိမ်မြောက်ပြုလုပ်သည့် မူးယစ်ဆန့်ကျင် စစ်ဆင်ရေးများအတွင်း သံသယရှိသူ ၈၄၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဇန်န၀ါရီ ၁၅ ရက်နေ့က ထိုင်းနိုင်ငံပိုင်နက် မဲခေါင်မြစ်ဝှမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးနှင့် ဆက်စပ်သည့် အမှုပေါင်း ၅၉၀ ကို ဖြိုခွင်းနိုင်ခဲ့ကာ ဘိန်းဖြူ ၇၀.၆ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁.၂ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၄.၁၂ သန်းနှင့် အရည် ၃၇.၅ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စစ်ဆင်ရေးမှာ လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ဒုတိယအကြိမ်မြောက် စစ်ဆင်ရေးလည်းဖြစ်သည်။
ထိုစစ်ဆင်ရေးတွင် ဥပဒေစိုးမိုးရေးဝန်ထမ်း ၅၄၈၂ ဦး ပါဝင်ခဲ့ပြီး သင်္ဘောငယ်ပေါင်း ၅၁၂ စီးဖြင့် မဲခေါင်မြစ်အတွင်း ကင်းလှည့်ခဲ့ခြင်းဖြစ်ကာ စစ်ဆင်ရေး ၈၃၉ ခုကို ဆောင်ရွက်ခဲ့သည်။ ၎င်းတို့မှာ မဲခေါင်မြစ်အတွင်း စစ်ဆေးရေးဂိတ်များ
ပြုလုပ်ခြင်း ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်သည်ဟု ယူဆရသော ကျေးရွာများသို့ ၀င်ရောက်ရှာဖွေခြင်း၊ ပတ္တယောင်လှည့်ခြင်း၊ သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သံသယရှိသူများအား ဖမ်းဆီးခြင်နှင့် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။
တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့မှ ဥပဒေစိုးမိုးရေးအဖွဲ့များမှာ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရည်မှန်းချက်ကို ချဲ့ထွင်သွားမည်ဖြစ်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့များ၏ ပူးပေါင်းလုပ်ဆောင်မှုကိုလည်း အဆင့်တစ်ခုအထိ တိုးမြှင့်သွားမည်ဟု တရုတ်ကွန်မြူနစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လေးနိုင်ငံပူးပေါင်းပြုလုပ်သည့် ပထမအကြိမ် စစ်ဆင်ရေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၀
ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
Ref: xinhua


Leave a Reply
You must be logged in to post a comment.