ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
M-Media
– မိမိအနေဖြင့် ဖီဖာဥက္ကဌ ဖြစ်လာပါက ကမ္ဘာ့ဖလားပြိုင်ပွဲအသင်း အရေအတွက်ကို တိုးချဲ့ပေးသွားမည်ဟု လူးဝစ်ဖီဂိုက ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။
အင်္ဂလန်နိုင်ငံ ၀င်ဘလေကွင်းတွင် ပြုလုပ်ခဲ့သည့် မဲဆွယ်ပွဲတွင် ဖီဂိုက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဖီဖာမှရရှိသည့် အကျိုးအမြတ်များကိုလည်း ဘောလုံးလောက အောက်ခြေတိုးတက်ရေး လုပ်ငန်းများ၌ ပိုမိုသုံးစွဲသွားမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
“ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်း ၄၀ ဒါမှမဟုတ် ၄၈ သင်းအထိ တိုးချဲ့ဖို့ဆိုတဲ့ အဆိုပြုချက်ကို ကျွန်တော်တို့ စဉ်းစားသင့်ပါတယ်။ ဒီရွေးချယ်မှုနှစ်ခုလုံးကို ပြိုင်ပွဲရက် ၃၊ ၄ ရက်လောက်တိုးလိုက်တာနဲ့ လုပ်နိုင်မှာပါ။ တကယ်လို့များ အသင်းတွေတိုးချဲ့လိုက်မယ်ဆိုရင် ထပ်ထည့်မယ့် အသင်းသစ်တွေက ဥရောပမဟုတ်တဲ့ နိုင်ငံတွေက ဖြစ်သင့်ပါတယ်”
ဖီဂိုမှာ မေလ ၂၉ ရက်နေ့တွင် ဖီဖာရုံးစိုက်ရာ ဇူးရစ်ခ်ျ၌ ကျင်းပပြုလုပ်မည့် ဖီဇာဥက္ကဌသစ်ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဌ ဆပ်ဘလတ္တာ၊ ဒုတိယဥက္ကဌ အလီ ဘင် အလ် ဟူစိန်၊ ဒက်ခ်ျဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မိုက်ကယ် ဗန်ပရာ့ဂ်တို့နှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
Ref; alarabiya
Leave a Reply
You must be logged in to post a comment.