News @ M-Media

တနင်္ဂနွေ လိဂ်ဖလားဗိုလ်လုပွဲမှာ နည်းပြသက်တမ်းတစ်လျှောက် အရေးပါဆုံးဟု မော်ရင်ဟိုပြော

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
M-Media

mrh

– တနင်္ဂနွေနေ့တွင် စပါးအသင်းနှင့်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲက မိမိ၏ နည်းပြသက်တမ်းတစ်လျှောက် အရေးပါဆုံး ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

မော်ရင်ဟိုမှာ ချန်ပီယံလိဂ်အပါအ၀င် အင်္ဂလန်၊ အီတလီ၊ ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့မှ ပြည်တွင်းဖလားများစွာကို ရရှိထားသူဖြစ်ပြီး ယခုနှစ်တွင် ဖလားသုံးလုံး ပစ်မှတ်ထားနေသည့် ချယ်ဆီးအတွက် စပါးနှင့်ပွဲမှာ ၎င်းတို့၏ အနီးဆုံး ပစ်မှတ်လည်း ဖြစ်နေသည်။

“ဒီဗိုလ်လုပွဲက ကျွန်တော့်ရဲ့ နည်းပြသက်တမ်းမှာ အရေးပါဆုံး ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်တွေထက်ကို အရေးပါ ပါတယ်။ ကျွန်တော် အရင်က ကစားခဲ့ဖူးတဲ့ ဖလားတွေအားလုံးထက်လည်း ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော်ရူးသလား” ဟု မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ချယ်ဆီးမှာ ထိုပွဲကို ပြီးခဲ့သည့်တစ်ပတ် ပရီးမီးယားလိဂ် အနီကဒ်ကြောင့် ပွဲပယ်ခံထားရသည့် အဓိက ကွင်းလယ်လူ မာတစ်မပါဘဲ ကစားရမည်ဖြစ်ပြီး မော်ရင်ဟိုကမူ ထိုအနီကဒ်မှာ မဖြစ်သင့်ကြောင်း မိမိတို့ အင်္ဂလိပ်ဘောလုံးကို ကမ္ဘာတစ်ဝှမ်း သန်းနှင့်ချီသောပြည်သူများက ယုံကြည်စွာ စောင့်ကြည့်နေကြပြီး ထိုယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Ref: Goal.com

Comments

Leave a Reply