News @ M-Media

အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေး ကျင်းပ

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၅
M-Media

asean 1

– အာဆီယံဒေသတွင်း စီးပွားရေးအ၀န်းအ၀ိုင်း AEC တည်ဆောက်ရေး ဆွေးနွေးရန်အတွက် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် မလေးရှားနိုင်ငံ၌ စတင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အာဆီယံဒေသအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် AEC ကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ၂ ရက်တာကြာမြင့်မည့် အဆိုပါ အစည်းအဝေးတွင် လက်တွေ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအတွက် ၀န်ကြီးများက ဆွေးနွေးသွားမည်ဖြစ်သည်။

AEC အသက်ဝင်လာသည့်အချိန်တွင် တိုးလာမည့် အခွန်ကိစ္စများအတွက် ပုဂ္ဂလိကနယ်ပယ်မှ အကြံပြုချက်များနှင့် စိုးရိမ်မှုများက အဆိုပါအစည်းဝေးတွင် အဓိကဆွေးနွေးမည့် အချက်လည်းဖြစ်သည်။ AEC မှာ အာဆီယံကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်မှု တိုးလာရေးအတွက် ရည်ရွယ်သော စီးပွားရေးလွတ်မြောက်မှု အစီအစဉ်တစ်ခုဖြစ်ပြီး အာဆီယံဒေသအား ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ဆွဲဆောင်မှုရှိရာ ဒေသအဖြစ် ပြုလုပ်ရန် အတွက်လည်းဖြစ်သည်။

သို့သော်လည်း စီးပွားရေးပညာရှင်များကမူ အခွန်နှုန်းထား၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ကြီးမားစွာခြားနားမှုများ၊ စီးပွားရေးနှင့် ယှဉ်ပြိုင်မှုတွင် ဥပဒေနှင့် နည်းဥပဒေပြဌာန်းချက် ခြားနားမှုများ၊ အတိုးနှုန်း ကြီးမားစွာ ကွာခြားမှုများနှင့် အာဆီယံ ဘုံငွေကြေးတစ်ခု မရှိခြင်းတို့ အပါအ၀င် AEC အစီအစဉ်အတွက် စိန်ခေါ်မှုများ ကြီးကြီးမားမား ရှိနေသည်ဟု ပြောကြားခဲ့သည်။

Ref: xinhua

Comments

Leave a Reply