မတ် ၄၊ ၂၀၁၅
M-Media
– သူယုံကြည်တဲ့အယူဝါဒနဲ့ ပတ်သက်ပြီး နားလည်မှုမှားယွင်းမှုတွေ၊ တံဆိပ်ရိုက်အတွေးအခေါ်တွေကို စိန်ခေါ်ပြီး အမေရိကန်က အသက် ၁၆ နှစ်အရွယ် မွတ်စလင်ကျောင်းသားလေးဟာ လက်သင့်ခံမှုနဲ့ သည်းခံမှုတွေရှိပြီး တက်ကြွတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘက်စုံ အကျိုးပြု အဖွဲ့လေးတစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီလူငယ်လေးကတော့ နယူးဂျာစီပြည်နယ်က ဒုတိယနှစ်ကျောင်းသား ဇီအဒ် အဟ်မဒ်ဆိုသူဖြစ်ပြီး သူ့ရဲ့အဖွဲ့ကိုတော့ Redefy လို့ အမည်ပေးထားပါတယ်။
“ကျွန်တော်ငယ်ငယ်ကလေးကတည်းက ကျွန်တော့်ရဲ့ အယူဝါဒနဲ့ပတ်သက်ပြီ လူတော်တော်များများက မလိုမုန်းထားမှုတွေနဲ့ နားလည်းမှုလွဲမှားတာတွေ ရှိနေပါတယ်။ မီဒီယာကလည်း အစ္စလာမ်ရဲ့ပုံရိပ်နဲ့ လူနည်းစုတွေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့အမြင်ကို ထိခိုက်စေတဲ့ နည်းလမ်းမျိုးနဲ့ ဖော်ပြနေကြပါတယ်” လို့ ဇီအဒ် အဟ်မဒ်က ဆိုပါတယ်။
အဲဒီ Redefy အဖွဲ့လေးဟာ ဘက်စုံအကျိုးပြု အဖွဲ့လေးဖြစ်ပြီး တံဆိပ်ရိုက်အတွေးအခေါ်တွေကို ထင်ထင်ရှားရှား ဆန့်ကျင်ဖို့နဲ့ လက်သင့်ခံမှုနဲ့ သည်းခံမှုတွေရှိလာဖို့၊ အကောင်းမြင်တဲ့သူတွေ ဖြစ်လာပြီး တက်ကြွတဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့အဖွဲ့လည်းဖြစ်ပြီး လူငယ်တွေကြားထဲမှာ အသိပညာပေးမှုတွေကို ပြုလုပ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်ကျောင်းသားလေး အဟ်မဒ်ဟာ အစ္စလာမ်နဲ့ပတ်သက်လို့ ငယ်ငယ်ကတည်းက တံဆိပ်ရိုက်အတွေးအခေါ်တွေ၊ မလိုမုန်းထားမှုတွေကို ခံခဲ့ရသူဖြစ်ပြီး ဒီအကြောင်းကြောင့်ပဲ ဒီအဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။
နောက်ပြီး ဒီအဖွဲ့လေးဟာ အမေရိကန်လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မတရားမှုတွေ၊ အသိဥာဏ်နည်းပါးမှုတွေကို ရှာဖွေဖော်ထုတ် ဖြေရှင်းမှုတွေကိုလည်း ပြုလုပ်နေပါတယ်။
အခုတော့ အဟ်မဒ်ရဲ့ ဒီအဖွဲ့လေးဟာ အမေရိကန်လူ့အဖွဲ့အစည်းမှာ ပြန့်နှံ့လာခဲ့ပြီး တံဆိပ်ရိုက်အတွေးအခေါ်ဆိုတာ ဘာလဲဆိုတာနဲ့ ဒီအတွေးအခေါ်တွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာနဲ့ ပတ်သက်လို့ ကျောင်းသားလူငယ်တွေကို ပညာပေးဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေကိုလည်း ကျင်းပနေကြပါတယ်။
Redefy အဖွဲ့အတွက် Twitter၊ Facebook၊ Instagram၊ YouTube နဲ့ Tumblr တွေမှာလည်း အကောင့်တွေဖွင့်ထားပြီး ပြည်သူ့ရေးရာ၊ တရားမျှတမှုနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ မျှဝေတာမျိုးတွေလည်း ရှိနေပါတယ်။
အဟ်မဒ်ဟာ သူတက်တဲ့ တက္ကသိုလ်ရဲ့ ခေါင်းဆောင်မှုအဖွဲ့မှာလည်း ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေနဲ့အတူ လူမှုရေးလှုပ်ရှားမှုအမျိုးမျိုးကို ဆောင်ရွက်နေတဲ့သူလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဘာကိုတွန်းလှန်နေလဲဆိုတာ လူငယ်တော်တော်များများက နားမလည်ကြပါဘူး။ တရားမဲ့မှုတွေကို ကျွန်တော်တို့ တွန်းလှန်နေတာပါ။ ကျွန်တော်တို့ဟာ တရားမဲ့မှုတွေမှာ ပေါင်းစုနေတယ်ဆိုရင်တော့ အသိဥာဏ်မဲ့မှုတွေဟာ ဆက်လက် တည်ရှိနေမှာပါ” လို့ အဟ်မဒ်က ပြောကြားခဲ့ပါတယ်။
Ref: Onislam
Leave a Reply
You must be logged in to post a comment.