မတ် ၂၂၊ ၂၀၁၅
M-Media
– ဘာစီလိုနာနှင့်ပွဲမှာ အရေးပါသော်လည်း အခြားသောအရေးပါသည့်ပွဲများ ကစားရန်ရှိနေပြီး မိမိ၏ ထုတ်ပယ်ခံရမှုအတွက်လည်း ကြောက်ရွံ့မှု ရှိနေသည်ဟု ရီးယဲလ်မက်ဒရစ်နည်းပြ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားလိုက်သည်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှော်လ်ကာနှင့် ဒုတိယအကျော့တွင် ကစားပုံဆိုးရွားမှု၊ လာလီဂါထိပ်ဆုံးနေရာအား ဘာစီလိုနာလက်ထဲသို့ လွှဲပေးခဲ့ရမှု စသည်တို့ကြောင့် အန်ဆယ်လော့တီ၏ အနာဂတ်မှာလည်း မသေမချာ ဖြစ်လာခဲ့သည်။
ယခုတစ်ပတ်တွင် ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ကစားရမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက ၄ မှတ်ကွာဟမည် ဖြစ်သောကြောင့် ထိုပွဲမှာ ရီးယဲလ်အတွက် အရေးပါသည့် ပွဲတစ်ပွဲလည်း ဖြစ်လာမည် ဖြစ်သည်။ အန်ဆယ်လော့တီကမူ ထိုပွဲတွင် ပို၍ ပါးနပ်သောသူက အနိုင်ရမည်ဖြစ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အက်သလက်တီကိုနှင့်ပွဲသာမက အခြားသော အရေးပါသည့် ပွဲများလည်း ရှိနေသးသည်ဟု ဆိုသည်။
၎င်း၏ အနာဂတ်နှင့် ပတ်သက်၍လည်း “ကျွန်တော့်အနာဂတ်ဟာ မသေမချာဖြစ်နေတယ်လို့ ကျွန်တော် မခံစားရပါဘူး” ဟု အန်ဆယ်လော့တီက ဆိုသည်။
ထို့ပြင် မိမိတို့အနေဖြင့် ယခုတစ်လောတွင် ကစားပုံမကောင်းသော်လည်း ယုံကြည်မှုမှာ ယခင်ကဲ့သို့ပင် ရှိနေကြောင်း၊ မိမိတို့ကစားသမားများမှာ တည်ငြိမ်ပြီး၊ ယုံကြည်မှုအပြည့်အ၀ ရှိနေကာ အကောင်းဆုံးပြိုင်ပွဲ ဖြစ်လာရန် အဆင်သင့်ဖြစ်နေကြောင်း အန်ဆယ်လော့တီက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal.com
Leave a Reply
You must be logged in to post a comment.