News @ M-Media

ချက်ပဲဟေးလ် မွတ်စလင် ၃ ဦးအား သတ်ဖြတ်သည့် တရားခံ သေဒဏ်ကျခံရနိုင်ဟု တရားသူကြီးပြော

ဧပြီ ၇၊ ၂၀၁၅
M-Media

7998916412834b969ae0f54d23213230_18

– မြောက်ကယ်ရိုလိုင်းနားရှိ ချက်ပဲလ်ဟေးလ်မြို့တွင် မွတ်စလင်လူငယ် ၃ ဦးအား သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ခရေ့ဂ်ျဟစ်က်မှာ သေဒဏ်ချမှတ်ခြင်း ခံရနိုင်သည်ဟု တရားသူကြီးက ပြောကြားလိုက်သည်။

ယမန်နေ့က ကြားနာမှုအတွင်း ပြောကြားလိုက်ခြင်းဖြစ်ပြီး ဟစ်က်၏ အမှုမှာ သေဒဏ်အပြစ်ပေးမှု မြောက်နေသည်ဟု တရားသူကြီး အော်လန်ဒို ဟဒ်န် ဂျေအာရ်က ဆိုသည်။ တရားလိုရှေ့နေများကမူ သေဆုံးသွားသူများ၏ သွေးစများ ဟစ်က်၏ ဘောင်းဘီ၌ တွေ့ရှိရခြင်း အပါအ၀င် ခိုင်မာသော အထောက်အထား ရှိထားကြောင်း တရားသူကြီးအား ပြောကြားခဲ့သည်။

အသက် ၄၆ နှစ်အရွယ်ရှိ ဟစ်ကစ်မှာ အသက် ၂၁ နှစ်အရွယ် ယူဆိုးရ်မိုဟာမက်၊ ယူဆိုးရ်၏ ခင်ပွန်း အသက် ၂၃ နှစ်အရွယ် ဒီယာ ရှက်ဒီဘရကသ်နှင့် သူမ၏ ညီမ အသက် ၁၉ နှစ်အရွယ် ရာဇန်မိုဟာမက် အဘူ ဆလ်ဟာတို့ အသတ်ခံရမှုဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများအနီးတွင် တွေ့ရသည့် ကျည်ခွံ ၈ ခုမှာ ဟစ်က်ပိုင်ဆိုင်သော ပစ္စတိုမှ ကျည်နှင့် ကိုက်ညီနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ရဲတပ်ဖွဲ့ကမူ အဆိုပါ သေနတ်ပစ်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ ကားပါကင်ပြဿနာကြောင့် ဖြစ်သည်ဟု ဆိုပြီး ကွယ်လွန်သွားသူများ၏ မိသားစုများကမူ အမုန်းတရားကြောင့် ဖြစ်သည်ဟု ယုံကြည်နေသည်။

ဟစ်က်အသုံးပြုသည်ဟု ယုံကြည်ရသော Facebook ပေ့ခ်ျတွင် ဘာသာရေးဆိုင်ရာ စော်ကားသည့် ပို့စ်အများအပြား မျှဝေထားသည်ကို တွေ့ရှိခဲ့ရပြီး အမေရိကန် တရားရေးဌာနမှ သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ၎င်း၏ လူ့အခွင့်အရေး ဌာနခွဲမှာ အခြားသော ဥပဒေရေးရာ အဖွဲ့များနှင့် ပူးပေါင်းကာ ထိုပစ်ခတ်မှုက အမုန်းတရားဆိုင်ရာ ဥပဒေများ အပါအ၀င် ဖက်ဒရယ်ဥပဒေများအား ချိုးဖောက်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် ကနီဦးစုံစမ်းစစ်ဆေးမှုများကို ပြိုင်တူ ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။

Ref: CNN

Comments

Leave a Reply