ဧပြီ ၁၈၊ ၂၀၁၅
M-Media
– ဘန်ဂါလီခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်လေ့ရှိတဲ့ ဟိန္ဒူတို့ရဲ့ Shiva Gajan ပွဲတော်ကို ဒီတစ်ပတ်အတွင်း အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ် ကိုလ်ကာတားမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ဟိန္ဒူဘာသာဝင်တွေ လာရောက် ဆင်နွှဲခဲ့ကြပါတယ်။
တစ်ပါတ်တာကြာမြင့်တဲ့ အဲဒီပွဲတော်မှာ ထူးခြားတဲ့ ဓလေ့ထုံးတမ်းတစ်ခု ပါရှိပါတယ်။ အဲဒီကတော့ ပွဲတော်အတွင်းမှာ ဟိန္ဒူဘုန်းတော်ကြီးတွေက ကလေးတွေရဲ့ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်၊ ဗိုက် ဒါမှမဟုတ် ခြေထောက်တွေကို သူတို့ရဲ့ ခြေထောက်တွေနဲ့ ထိပြီး ကောင်းချီးပေးတာပါပဲ။
ဒီလိုကောင်းချီးပေးခြင်းအားဖြင့် ကလေးတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး၊ သူတို့ရဲ့ ဘ၀တွေမှာ သာယာဝပြောစေတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။ ဘုန်းတော်ကြီးတွေရဲ့ ဒီလိုကောင်းချီးပေးမှုကိုခံယူဖို့ မိဘတွေဟာ ဒီပွဲတော်မှာ ကလေးတွေကို ချီလို့ အပြေးအလွှားသွား၊ လမ်းပေါ်မှာ ကလေးတွေကိုချပြီး ဒီ ရိုးရာဓလေ့တစ်ခုကို နှစ်နှစ်ကာကာ အကောင်အထည်ဖော်ကြပါတယ်။
ဒီလို ဓလေ့ထုံးတမ်းမျိုးကို အခြား ဟိန္ဒူပွဲတော်တစ်ခုဖြစ်တဲ့ Chatt Puja ပွဲမှာလည်း တွေ့ရပါတယ်။ Shiva Gajan ပွဲမှာ
ဟိန္ဒူဘာသာဝင်တွေဟာ သူတို့ကို ဘုရားက အကူအညီပေးဖို့၊ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ဆုတောင်းမှုတွေလည်း ပြုလုပ်ကြပါတယ်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.