News @ M-Media

ယခုနှစ် သင်္ကြန်အတွင်း သေဆုံးသူ ၁၁ ဦးရှိ

ဧပြီ ၁၈၊ ၂၀၁၅
M-Media

thingyan

– မြန်မာနိုင်ငံ၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလအတွင်း မတော်တဆမှုများကြောင့် သေဆုံသူ အနည်းဆုံး ၁၁ ဦးရှိပြီး ၁၃၄
ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မတော်တဆမှုများမှာ ကားများတွင် ၀န်တန်ချိန် လိုအပ်သည်ထက် ပိုတင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မူးယစ်ဆေးနှင့် အရက်သေစာ သုံးစွဲခြင်း စသည်တို့ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ ယမန်နှစ်က သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ၁၅ ဦးသေဆုံးခဲ့ကာ ၁၇၈ ဦး ဒဏ်ရာရသည်ဟု သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရေကစားမဏ္ဍပ်ပေါင်း ၂၀၀ ကျော်ရှိပြီး အများစုမှာ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးတို့တွင် ဖြစ်သည်။ သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲမည့်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  လုံခြုံရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များကိုလည်း ယခင်နှစ်ကထက် ပို၍ ချထားခဲ့သည်။

Ref: Xhinhua

Comments

Leave a Reply